ကျွန်ုပ်တို့အကြောင်း
ခရစ်ယာန်တို့၏ သန့်ရှင်းသော စာအုပ်သည် ကျွန်ုပ်တို့အား သမိုင်းနှင့် ပရောဖက်ပြုချက် နှစ်မျိုးလုံးဖြင့် ပြောပြသည်။ ၎င်းသည် ကျွန်ုပ်တို့အား မည်သည့်အရာက ဖြစ်ပျက်ခဲ့သည်နှင့် မည်သည်က မကြာမီ ဖြစ်လာမည်ကို ပြောပြသည်။ တုန်လှုပ်ဖွယ်ကောင်းသော ဟောကိန်းတစ်ခုတွင်၊ ကျွန်ုပ်တို့သည် ကမ္ဘာမပျက်စီးမီ နောက်ဆုံးသတိပေးချက်ကို ဖတ်နိုင်သည်။
ဤသတိပေးသတင်းစကားသည် ကောင်းကင်တမန်သုံးပါးကဗျာဒိတ် ၁၄တွင် အပိုင်းသုံးပိုင်းနဲ့ ရှင်းပြထားပါသည်။ ဤသတိပေးချက်တစ်ခုစီသည် တစ်ကမ္ဘာလုံးကြားသိရန် အရေးကြီးပါသည်။
ပထမကောင်းကင်တမန်က ဖန်ဆင်းရှင်ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနဲ့ ပင်လယ်ကို ဖန်ဆင်းတဲ့အရှင်ကို ကိုးကွယ်ဖို့ ပြောထားပါသည်။ ဖန်ဆင်းရှင်၏ တရားစီရင်မည့်အချိန်ရောက်လာပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်ကို ကိုးကွယ်ရမည်ဖြစ်သည်။ ပထမကောင်းကင်တမန်က ကျွန်ုပ်တို့သည် ဤဘုရားသခင်ကို သိကျွမ်းနိုင်ပုံနှင့် တရားစီရင်ခြင်းတို့ကို ဖြတ်ကျော်ရန် ပြင်ဆင်ထားနိုင်ပုံတို့ကို ပြောပြသည်။
ဒုတိယကောင်းကင်တမန်သည် အဆုံးပိုင်းကာလတွင် ဘာသာရေးဖောက်ပြန်သင်းခွဲခြင်းအကြောင်း ကျွန်ုပ်တို့ကို သတိပေးသည်။ ဖန်ဆင်းရှင်ဘုရားသခင်နှင့် ကိုယ်တော်၏ ဗျာဒိတ်ထားသောနှုတ်ကပတ်တော်ကို မရိုသေသောဘာသာရေးစနစ်များမှ ကျွန်ုပ်တို့အား 'ထွက်' ရန် မိန့်မှာထားသည်။
တတိယကောင်းကင်တမန်က မကောင်းဆိုးဝါးသည် ဖန်ဆင်းရှင်ဘုရားသခင်နှင့် ကိုယ်တော်၏လူမျိုးကို နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်ရန် ဖောက်ပြန်သင်းခွဲ ဘာသာရေးစနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိပေးထားသည်။ ဆိုးညစ်သောနောက်လိုက်သူတို့အပေါ်တွင် “အမှတ်အသား” ထားရှိမည်ဖြစ်ပြီး၊ ဘုရားသခင်အပေါ်သစ္စာစောင့်သိသူများသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤဆိုးရွားသော အမှတ်အသားရှိသူတို့အပေါ် သူ၏တရားစီရင်ချက်များကို သွန်းလောင်းတော်မူမည်။ ယုံကြည်ခြင်းနှင့် နာခံမှုရှိသော သခင့်၏ လူများသည် သေလုဆဲဆဲကမ္ဘာကြီး၏ ပျက်စီးခြင်းမှ ကယ်တင်ခြင်းခံရလိမ့်မည်။ သူတို့သည် ဘုရားသခင်နှင့်အတူ ကောင်းကင်ဘုံသို့ သွားကြမည်ဖြစ်ပြီး ကမ္ဘာကြီးကို ၎င်း၏မူလ ပြီးပြည့်စုံမှုအတိုင်း ပြန်လည်ဖန်တီးပေးသည်ကို ကြည့်ရှုကြရမည်ဖြစ်သည်။
ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းသွင်းပါ
ထုတ်ဝေမှုအသစ်များ ရနိုင်သည့်အခါတွင် ဦးစွာသိသူဖြစ်လိုက်ပါ

သင့်စာဖတ်ပရိသတ်ကိုရှာပါ
ဖီချာ ထုတ်ဝေစာများ
© 2024 Sharing Hope Publications