ဒုက္ခကို အဓိပ္ပါယ်ရှိစေခြင်း

ဒုက္ခကို အဓိပ္ပါယ်ရှိစေခြင်း

အကျဉ်းချုပ်

ယနေ့ လူများစွာသည် နှိပ်စက်ခြင်းနှင့် တလွဲသုံးစားခြင်းကို ခံရကြသည်။ ယေရှုသည်လည်း ဆင်းရဲဒုက္ခဖြင့် အသက်ရှင်ခဲ့သည်။ သူသည် အခြားသူများကို ကူညီပေးခဲ့သည်၊ သူတို့ကို ကုသပေးကာ ပိုမိုကောင်းမွန်သောနည်းလမ်းကို သင်ပေးခဲ့သည်။ လူအချို့က သူ့ကို မုန်းတီးပြီး သတ်ကြသော်လည်း သုံးရက်ကြာပြီးနောက် သခင်သည် ရှင်ပြန်ထမြောက်လာပြီး ကောင်းကင်ဘုံရှိ ခမည်းတော်ထံ ပြန်လည်ရောက်ရှိခဲ့သည်။ ဤလက်ကမ်းစာစောင်သည် သခင်ယေရှု၏အသက်တာနှင့် ဆင်းရဲဒုက္ခအကြောင်းကို အကျဉ်းချုံးပြန်ပြောပြသည့်ပြင် ကျွန်ုပ်တို့၏ကြေကွဲနေသောနှလုံးသားများကို ကုသပေးမည့်သခင်၏ကတိတေ်ကိုလည်း တင်ပြထားပါသည်။

ဒေါင်းလုဒ်ပါ

မိန်းကလေးတစ်ယောက်သည် အတော်လေး မနှစ်မြို့သည့် ပုံပေါက်နေခဲ့သည်။ သူတို့ဇနှီးမောင်နှံ၌ သမီးနှစ်ဦးရှိနှင့်ပြီးသားလည်းဖြစ်သည်။ ငါတို့က သား‌လေးလိုနေတာ၊ နောက်ထပ် မိန်းကလေးမဟုတ်ဘူး၊ သူ၏ သမီးငယ်လေး ချိုင်လိုင် ကိုသူ၏ ဝမ်းကွဲများရှိရာသို့ ပို့ခဲ့သည်။ သို့သော်လည်း သူတို့၏ အိမ်သည် ချိုင်လိုင်အတွက် အိမ်မက်ဆိုးပင်ဖြစ်နေခဲ့ပါသည်။ နင်ကျောင်းတက်ဖို့ အရမ်းဘဲတုံးလွန်းအလွန်းတယ် ဟု သူမ၏ မွေးစားမိဘများက အော်ဟစ်ခဲ့ပါသည်။ သူတို့သည် သူမအား ကျွန်ကဲ့သို့ပင် အလုပ်ကို ခိုင်းစေခဲ့ပါသည်။ အမြဲတမ်း အနိုင်ကျင့်၍ နှိပ်စက်နေခဲ့ပါသည်။ ချိုင်လိုင်သည် ဒေါသနှင့် ရှက်ရွံ့မှုအောက်တွင် ဒုက္ခကိုခံစားနေခဲ့ရပါသည်။ သူမအား ချစ်သောသူ တစ်ဦးတစ်ယောက်မျှ မရှိတော့သကဲ့သို့ဖြစ်နေပါသည်။

ချိုင်လိုင်ကဲ့သို့သော အဖြစ်အပျက်အကြောင်းအရာကို သင်ကြားဖူးပါသလား။ သင့်အနေဖြင့်လည်း နှိပ်စက်ခြင်းနှင့် နာကျင်မှုများ၏ လွှမ်းမိုးခြင်းကို ခံရကောင်းလည်း ခံရနိုင်ပါသည်။

နာကျင်မှုသည် မခံမရပ်နိုင်သည့် အခြေအနေသို့ ရောက်လာသောအခါတွင်၊ ကျွန်ုပ်တို့ ထွက်ပြေးလွှတ်မြောက်ရန် ကြိုးစားကြပါသည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် မကြာခဏပင် အခြားသူများနှင့် ကျွန်ုပ်တို့ကိုယ်တိုင်ကို နာကျင်မှုပိုပေးတတ်ပါသည်။ တစ်ခါတရံတွင် ကျွန်ုပ်တို့အနေဖြင့် အတိတ်၏ မကောင်းမှုတစ်စုံတစ်ခုက ယခုတွင်ကျွန်ုပ်တို့ကို နာကျင်မှုပေးနေသည်ဟု ထင်မှတ်ကောင်းထင်မှတ်လိမ့်မည်။ သို့သော်လည်း ထိုအတွေးထဲတွင် နှစ်သိမ့်မှုကို မည်သို့မျှ ရှာ၍မရပေ။ ထိုအတွေးသည် ကြောက်ရွံ့မှုနှင့် ဒေါသဖြစ်ခြင်းများကိုသာ ထပ်ပေါင်း၍ ပေးနေပါသည်။ ကျွန်ုပ်တို့၏ ကံမကောင်းမှုနှင့် နာကျင်မှုများကို ကွယ်ပျောက်စေနိုင်သည့် မျှော်လင့် ချက် မရှိ‌တော့ဘူးလား။

ချိုင်လိုင် အပါအဝင် လူသန်းချီတို့သည် ယေရှု၏ စစ်မှန်သောချစ်ခြင်းနှင့် ဂရုဏာတရားတွင် မျှော်လင့်ချက်ကို တွေ့ရှိခဲ့ကြပါသည်။

ယေရှုက ဘယ်သူလဲ။

လွန်ခဲ့သောအချိန်တွင် ယေရှုဆိုသော ဆရာတစ်ဆူသည် လွန်စွာဆင်းရဲသော မိသားစုတွင် ဖွားမြင်ခဲ့ပါသည်။ သူမွေးဖွားပြီး မကြာမီတွင်၊ မိသားစုဝင်များသည် ကြမ်းကြုတ်သော ဘုရင်တပါးထံမှ ထွက်ပြေးခဲ့ရပြီး အီဂျစ်ပြည်တွင် ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ရသည်။ ထိုမင်းဆိုးမင်းညစ် နတ်ရွာစံပြီး‌နောက်တွင်၊ သူတို့သည် ဆိုးရွားသော ဂုဏ်သတင်းရှိသော ဣသရေလတိုင်းပြည် နာဇရက် မြို့တွင် ပြည်လည်၍ အခြေချနေထိုင်ခဲ့သည်။ ထိုအရာသည် မြင့်မြတ်သော ဆရာတဆူအတွက် ဆိုးရွားသော အစပြုခြင်းကဲ့သို့ ဖြစ်နေပါသည်။

ယေရှုဆိုသောနာမ၏ အနက်မှာ ဘုရားကယ်တင်သည် ဟူ၍ ဖြစ်ပါသည်။ ယေရှုမမွေးဖွားမီ နှစ်ပေါင်း ခုနှစ်ရာခန့်တွင်၊ ကယ်တင်ရှင်သည် သူလာရောက်ကယ်တင်မည့်သူများကဲ့သို့ ဒုက္ခဆင်းရဲ ခြင်းများကို ခံယူရန်လောကသို့ဆင်းကြွလာမည်ဟု ကြိုနိမိတ်ဟောကြားခဲ့ပါသည်။ သူ၏လုပ်ငန်းသည် ဝမ်းနည်းနေသောသူများကို ကူညီပြီး ဒုက္ခဆင်းရဲနှင့် သေခြင်းတရားကို အဆုံးသတ်ရန်ဖြစ်ပါသည်။

ယေရှု၏ စစ်မှန်သောမိတ်ဆွေဆက်ဆံရေး

ခရစ်ယာန်တို့၏ သန့်ရှင်းသော စာအုပ်ဖြစ်သည့် ကျမ်းစာထဲတွင် ယေရှုသည် ဒုက္ခများစွာတို့နှင့် မည်မျှအထိ နီးကပ်ခဲ့ကြောင်း ဖော်ပြထားသည့် အကြောင်းအရာ များစွာရှိပါသည်။

တစ်နေ့တွင် အရေပြားရောဂါ ပြင်းထန်စွာ ခံစားနေရသော အမျိုးသားတစ်ဦးသည် ယေရှု ဟောကြားသွန်သင်သည့် နေရာသို့ လာရောက်ခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် အနာများစွာဖြင့် ပြည့်နေပြီး၊ သူ့ထံမှလည်း ဆိုးရွားသည့် အနံ့အသက်မျာလည်း ထွက်နေပါသည်။ ရှက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများက သူ့အားအနိုင်ယူခဲ့ပြီးဖြစ်သည် အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူ၏ရောဂါသည် သူ၏အမှားအတွက် အပြစ်ဒဏ်ခံနေရခြင်းသာဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ သို့‌သော်လည်း ယေရှုသည် သူ့အနားသို့ ချည်းကပ်၍ သူ့ကိုတို့ထိခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ရောဂါလုံးဝပျောက်ကင်းသွားခဲ့သည်။

တစ်ကြိမ်၌ ယေရှုသည် သင်္ချိုင်းတို့တွင် နေထိုင်ပြီး မိမိတို့ကိုယ်ကို ကျောက်များနှင့် ဒဏ်ရာရအောင် ရှနစေလျက် အော်ဟစ်နေသည့် နတ်ဆိုးစွဲကပ်နေသော သူနှစ်ဦးနှင့် တွေ့ခဲ့သည်။ သူတို့သည် ယေရှုကို တွေ့သောအချိန်တွင် နတ်ဆိုးများက ယေရှုကိုထွက်သွားရန် ပြောခဲ့ပါသည်။ သို့သော်လည်း ယေရှုသည် ထိုနတ်ဆိုးများကို ထိုသူတို့အထဲမှ ထွက်သွားရန် အမိန့်ပေးခဲ့ပါသည်။ ၎င်းနတ်ဆိုးတို့သည် နာခံပြီး၊ ထိုသူတို့သည် ချက်ချင်းပင် ပုံမှန်စိတ်ကို ပြန်လည်ရရှိခဲ့ပါသည်။

ထို့နောက်မှ၊ ယေရှုသည် လင်ယောင်္ကျား ငါးဦးကို လက်ထပ်ခဲ့သောကြောင့် အသိုင်းအဝန်းမှ ဝိုင်းကြဉ်ခံထားရသည့် အမျိုးသမီးတစ်ဦးနှင့်တွေ့ခဲ့သည်။ ယေရှုသည် သူမအား ကြင်နာစွာ စကားပြောသည်ကို တွေ့ရသောအခါ သူမလွန်စွာ အံ့ဩနေခဲ့ပါသည်။ သူမသည် လွန်စွာပျော်ရွှင်ခဲ့ပြီး သူမအား မျှော်လင့်ချက်ကို ပြန်လည်၍ ပေးခဲ့သည့် မြင့်မြတ်သော ဆရာတပါးကို တွေ့နိုင်ရန် လူတိုင်းကို သူမခေါ်ဖိတ်ခဲ့သည်။

နာကျင်နေသည့် သူငယ်ချင်းတစ်ဦး

ထိုကဲ့သို့သော တန်ခိုးကြီးသည် ကုသပျောက်ကင်းစေသူနှင့် ကြင်နာသော ဆရာတပါးအနေဖြင့် လူအားလုံးချစ်မည်ဟု သင်ယူဆပါသလား။ လူများစွာသည် အမှန်တကယ်ပင် သူ့ကိုချစ်ကြပါသည်။ သို့သော်လည်း ဘာသာရေးဆရာများစွာတို့သည် ယေရှု၏ထင်ပေါ်ကျော်ကြားမှုကို မနာလိုဖြစ်ကြကာ သူ့အားဖျက်ဆီးပစ်ရန် နည်းလမ်းကိုရှာကြပါသည်။

ယေရှုသည် သူ၏တပည့်တော်များအား သူသည်မှားယွင်းစွာ စွပ်စွဲခံရပြီး သူ့ကိုအသေသတ်ကြ လိမ့်မည်ဟု ပြောခဲ့ပါသည်။ လူသားတို့၏ နာကျင်မှုဒုက္ခအတွင်းသို့ ဝင်ရောက်ပြီး သူတို့၏နှလုံးသားများအား ပြောင်းလဲပစ်ရန်မှာ ဘုရား၏ အစီအစဉ်ဖြစ်‌ကြောင်း သူရှင်းပြခဲ့ပါသည်။ သူသည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ပြန်ရှင်လာလိမ့်မည်ဟု ကြိုတင်ပြောကြားခဲ့ပါသည်။ သို့သော်လည်း သူ၏တပည့်တော်များအနေဖြင့် သူတို့၏အချစ်ဆုံးဆရာသည် ထိုကဲ့သို့ ပြင်းထန်သည့်နာကျင်မှုဒုက္ခ ခံရမည်ကို လက်မခံနိုင်ဘဲရှိပြီး၊ သူတို့သည် သူ့အားကာကွယ်ကြမည်ဟု စိတ်ပိုင်းဖြစ်ခဲ့ကြပါသည်။

ဝမ်းနည်းစွာပင် ယေရှုမိန့်တော်မူထားသကဲ့သို့ ဖြစ်ပျက်ခဲ့ပါသည်။ တပည့်တော်တစ်ပါးသည်လည်း အနည်းငယ်သော ပိုက်ဆံအတွက် ယေရှုအား သစ္စာဖောက်ခဲ့ပြီး၊ ညသန်းခေါင်ယံအချိန်တွင် ယေရှုကိုအား ဖမ်းဆီးနိုင်ရန် ကူညီပေးခဲ့ပါသည်။ အခြားတပည့်တော်များတို့သည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးခဲ့ကြ ပါသည်။ အစိုးရကိုဖြုတ်ချရန်အစီအစဉ်ဆွဲနေသည်ဟု ခရစ်တော်ကိုမမှန်မကန်စွပ်စွဲကာသက်သေထွက်ဆို ခဲ့ကြပါသည်။ ယေရှုသည် စီရင်ချက်ချခံခဲ့ရပြီး၊ ရက်စက်စွာ ရိုက်နက်ခြင်းခံခဲ့ရကာ၊ လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုဖြင့် ရိုက်ထားခြင်းခံရလျက် ကြောက်မက်ဖွယ်ရာနာကျင်မှုနှင့် အသက်တော်စွန့်ခဲ့ရပါသည်။

ကျွန်ုပ်တို့၏ ဒုက္ခဆင်းရဲခြင်းမှ မျှော်လင့်ချက်

ယေရှု၏မိခင်နှင့် နောက်လိုက်များတို့သည် သူ၏ခန္ဓာကိုယ်အား သင်္ချိုင်းတွင် မြှုပ်နှံစဉ်တွင် ငိုကြွေးခဲ့ကြပါသည်။ စစ်သည်များတို့သည် ယေရှုအားမြှုပ်နှံသင်္ဂြိုလ်ထားသည့် သင်္ချိုင်းတွင်းကို တံဆိပ်ခတ်လိုက် ပြီး အပြင်ဘက်တွင် အစောင့်များချထားခဲ့သည်။ သို့သော်လည်း သုံးရက်မြောက်နေ့တွင်၊ ကြီးမားသော မြေငလျင်ကြီးသည် သင်္ချိုင်းတွင်းကို ပွင့်သွားစေပြီး ယေရှုသည် ‌သေခြင်းမှ ပြန်လည်ထမြောက်လာခဲ့သည်။

တပည့်တော်တို့ရှေ့ ယေရှုကိုယ်ထင်ရှား‌ပြစဉ်တွင် သူတို့သည် မိမိတို့၏ မျက်လုံးများကို မယုံနိုင်အောင် ဖြစ်နေခဲ့ပါသည်။ သူ(ယေရှု) အလိုအပ်ဆုံးသောအချိန်တွင် သူတို့သည် သူ့အားစွန့်ခွါထွက်ပြေးသွားသော်လည်း သူခွင့်လွှတ်ခဲ့ပါသည်။ သူတို့အား ကျမ်းစာမှ အကြောင်းအရာများကို အချိန်ယူ၍ သင်ကြားပေးပြီး ဒုက္ခဆင်းရဲခြင်းနှင့် သေခြင်းအား အဆုံးသတ်ပေးမည့် သူ၏ အနှိုင်းမဲ့အစီအစဉ်ကို ဖော်ပြပေးခဲ့ပါသည်။ သူ၏ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို အပြီးသတ်လုပ်ဆောင်နေစဉ်တွင် လူသားတိုင်းသူပြန်လည်ကြွလာခြင်း အတွက် ပြင်ဆင်နိုင်ရန် လူတိုင်းအားသတင်းကောင်း ဝေငှကြားပြောရန် သူမှာကြားခဲ့ပါသည်။ ထို့နောက် ယေရှု ကောင်းကင်သို့ပြန်တက်ကြွသွားခဲ့ပါသည်။

ကျွန်ုပ်၏ နာကျင်မှုထဲသို့ ဝင်ရောက်လာသည့် သူငယ်ချင်းတစ်ဦး

အခြားသူများ၏ အပယ်ခံအဖြစ် ကြီးပြင်းလာခဲ့ရသည့် ချိုင်လိုင် တစ်ယောက် နောက်ဆုံးတွင် စစ်ဘေးကြောင့် သူမထွက်ပြေးခိုလှုံနေခဲ့ရသည့် ဒုက္ခသည်စခန်းတွင် အလုပ် လုပ်နေသည့် ကြင်နာတတ်သော သူများထံမှတဆင့် ခရစ်တော်အ‌ကြောင်းကို သိခွင့်ရခဲ့ပါသည်။ သမ္မာကျမ်းစာထဲမှ ပုံပြင်များကိုနားထောင်ပြီး ဒုက္ခဆင်းရဲနှင့် သေခြင်းတရားကို အဆုံးသတ်မည့် ဘုရား၏အစီအစဉ်ကို သူမသိခွင့်ရခဲ့သည်။ ဘုရားသခင်သည် သူမခံစားနေရသည့် အရှက်တရားနှင့် ဒုက္ခဆင်းရဲခြင်းများမှ လွှတ်မြောက်ရန် ကူညီနိုင်ကြောင်းကို သိရှိသောကြောင့် သူမ၏နှလုံးသားအား ကုသရန် ယေရှုအား တောင်းလျှောက်ခဲ့ပါသည်။ ဘုရားသခင်သည် သူမ၏ အမုန်းတရားနှင့် ခါးသီးမှုများကို ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းတို့နှင့် ပြန်လည်၍ အစားထိုးပေးခဲ့ပါသည်။ ယနေ့တွင် ဘုရားသခင်သည် သူမအားမည်ကဲ့သို့ ဆေးကြောသန့်စင်စေခဲ့ပြီး သူမအား သမီးဟု ခေါ်ဝေါ်သည့် အကြောင်းကို အခြားသူများအား ပြောပြနေပါသည်။

သင့်အနေဖြင့်ရော။ သင်လည်းဘဲ ယေရှုအား တွေ့လိုပါသလား။ ဘုရားသခင်ထံ ဤကဲ့သို့ စကားပြောနိုင်ပါသည်။

ချစ်လှစွာသော ဘုရားသခင်၊ ကျွန်ုပ်၏နာကျင်မှုနှင့် ကျွန်ုပ်ကျော်ဖြတ်ခဲ့ရသည့် အရာများကို နားလည်ပေးသည့်အတွက် (သင်၏အခက်အခဲများကို ရှင်းပြပါ) ကျေး‌ဇူးတင်ပါသည်။ ကျွန်ုပ်တို့အား ဒုက္ခဆင်းရဲခြင်းမှ ကင်တင်ရန်အလို့ငှါ ယေရှုကို စေလွှတ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်၏ နှလုံးသားကို ကုသပြီး ငြိမ်သက်ခြင်း နှင့် ခွင့်လွှတ်ခြင်း ဝိညာဉ်ကို ပေးသနားတော်မူပါ။ အာမင်။

သင့်အနေဖြင့် အကယ်၍ ဤဒုက္ခဆင်းရဲခြင်း အချိန်အခါမျိုးတွင် ယေရှုသည် ကျွန်ုပ်တို့အား မည်ကဲ့သို့ ကူညီနိုင်ကြောင်း ယေရှုအကြောင်းကို ပိုမို၍ သိရှိလိုပါက၊ စာရွက်နောက်ကျောတွင် ရှိသည့် အချက်အလက်များအတိုင်း ကျွန်ုပ်တို့အားဆက်သွယ်နိုင်ပါသည်။

Copyright @ 2023 by Sharing Hope Publications. စီးပွါးဖြစ်မဟုတ်သောရည်ရွယ်ချက်များအတွက် ခွင့်ပြုချက်မလိုပဲ ပုံနှိပ်ခြင်း နှင့် မျှဝေခြင်းလုပ်ဆောင်နိုင်ပါသည်။

ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းသွင်းပါ

ထုတ်ဝေမှုအသစ်များ ရနိုင်သည့်အခါတွင် ဦးစွာသိသူဖြစ်လိုက်ပါ

newsletter-cover
\