မကောင်းဆိုးဝါးဝိညာဉ်များမှ လုံခြုံမှုရခြင်း

မကောင်းဆိုးဝါးဝိညာဉ်များမှ လုံခြုံမှုရခြင်း

အကျဉ်းချုပ်

နတ်ဆိုးများသည် အမှန်တကယ်ဖြစ်ပြီး ၎င်းတို့သည် အလွန်ကြောက်စရာကောင်းသည်။ တစ်ချို့လူတွေက ဝိညာဉ်များအပေါ်စွမ်းအားရှိသည်ဟု ဆိုကြပေသော်ငြားလည်း မကူညီခင် ကျွန်ုပ်တို့ထံမှ ပိုက်ဆံတောင်းကြသည်။ ယေရှုခရစ်သည် နတ်ဆိုးများကို ချည်နှောင်၍ နှင်ထုတ်နိုင်သော တန်ခိုးရှိသော်လည်း အခကြေးငွေ တစ်ခါမျှ မတောင်းဆိုခဲ့ပါ။ သူဟာ သနားကြင်နာမူအပြည့်နဲ့အမြဲတမ်းပဲ လူတွေကိုအခမဲ့ကူညီခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ကို အမြဲတမ်းနှောင့်ယှက်တတ်သည့် မကောင်းဆိုးဝါး(နတ်ဆိုး)တွေကို သူသည်လည်းမလိုလားပါ။ ဤလက်ကမ်းစာစောင်သည် မကောင်းဆိုးဝါးများ မည်သည့်အရပ်က လာသနည်း၊ နတ်ဆိုးများထံမှ လွတ်မြောက်ရန် ယေရှုထံ ကျွန်ုပ်တို့ မည်သို့ဆုတောင်းနိုင်ပုံကို ပြောပြထားသည်။

ဒေါင်းလုဒ်ပါ

အရှေ့တောင်အာရှတွင်နေထိုင်စဉ် နေသာသောနံနက်ခင်းတစ်ခုတွင်၊ ကျွန်ုပ် စျေးသို့ သွားရန် ထွက်လာသောအချိန်၌ ကျွန်ုပ်၏ အိမ်နီးချင်းသည် သူမ၏တိုက်ခန်းမှ ပြေးထွက်ပြီး ကျွန်ုပ်ရှိရာသို့ တည့်တည့်ကြီးပြေးဝင်လာခဲ့သည်။ လက်ထဲတွင်လည်း ကြီးမားသော ဓားနှစ်လက်ကို သွေးရူးသွေးတန်းနှင့် ဝှေ့ယမ်းပြီး ကျယ်လောင်စူးရှစွာ အော်ဟစ်နေခဲ့ပါသည်။ သူမ၏ မျက်လုံးများသည် အကြောက်တရားများနှင့် တောက်နေပါသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း မှောင်မိုက်တန်ခိုး မကောင်းဆိုးဝါးရှိနေသည်ကို ခံစားမိပါသည်။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်သောကြောင့်၊ ကျွန်ုပ်သည် တိတ်ဆိတ်စွာပင် ကာကွယ်မှုရရန် စတင်ဆုတောင်းလိုက်ပါသည်။ ကျွန်ုပ်ဆုတောင်းအပြီးတွင် မကောင်းသောဝိညာဉ်ဆိုးကို အနိုင်ရပြီး၊ ကျွန်ုပ်၏သူငယ်ချင်းလဲ ငြိမ်သက်လာပါသည်။ ထို့နောက်သူမသည် ကျွန်ုပ်အား သူမ၏လက်ထဲတွင်ရှိသော ဓားများကို ယူရန်ခွင့်ပြုလိုက်သည်။

ယေရှုရှင်၏ တန်ခိုးတော်

ထောင်ပေါင်းများစွာသော လူများသည် ထိုကဲ့သို့သော ယေရှု၏တန်ခိုးတော်ကို တွေ့ကြုံခဲ့ရပါသည်။ သူတို့အနေဖြင့် နတ်ဆိုးစွဲနေရာမှ နတ်ဆိုးကိုနှင်ထုတ်ပေးခြင်း၊ နာမကျန်းဖြစ်ခြင်းမှ ကုသခြင်းခံရခြင်း၊ ကျိန်စာများမှ ကွယ်ကာမှုရရှိခြင်း၊ နှင့် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကျရောက်ခြင်းတို့မှ ကွယ်ကာခံရခြင်း စသည့်များစွာသောအရာတို့ကို တွေ့ကြုံခဲ့ရပါသည်။ သို့သော်လည်း ယေရှုရှင်သည် မည်သူဖြစ်သနည်း။ သူ၏တန်ခိုးတော် ‌သဘောသဘာဝက မည်သည့်အရာဖြစ်သနည်း။ ယေရှုအကြောင်းကို ခရစ်ယာန်တို့၏ သန့်ရှင်းသည့်စာအုပ်ဖြစ်သည့် ကျမ်းစာတွင် တွေ့နိုင်ပါသည်။ နတ်ဆိုးဝိညာဉ်များကို အောင်နိုင်သည့် ပုံသက်သေတစ်ခုကို ဤနေရာ၌ ဖော်ပြလိုပါသည်။

တစ်နေ့တွင်၊ ဖခင်တစ်ဦးသည် သူ၏သားအား ယေရှုထံသို့ ယူဆောင်လာခဲ့သည်။ သူပြောသည်မှာ၊ ဆရာ၊ အကျွန်ုပ်၏သားကို အထံတော်သို့ဆောင်ခဲ့ပြီ။ “နတ်သည် ဘမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာလဲ၍၊ သူသည်လည်း ခံတွင်းထဲက အမြုတ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊... သူငယ်ကိုသေစေခြင်းငှါ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲစေတတ်သည်” ဟူ၍ဖြစ်သည်။ ယေရှုသည် သူငယ်အားလာစေလေ၏၊ သို့သော်လည်း နတ်ဆိုးဝိညာဉ်သည် သူငယ်အားမြေပေါ်သို့လဲချ၍ ကိုယ်လုံးကို တောင့်မာစေလေ၏။

‌ဖခင်နှင့် သားအတွက် ယေရှု၏ နှလုံးသား နာကျင်ရပါသည်။ ယေရှုမိန့်တော်မူလိုက်သည်မှာ၊ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်။

ဖခင်သည်လည်း ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံပါ၏၊ မယုံကြည်သည်ကို မစတော်မူပါ။

ထို့နောက်မှ ယေရှုသည် နတ်ဆိုးဝိညာဉ်အား၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်တော်ရှိ၏ဟုမိန့်တော်မူသော် နတ်ဆိုးသည် အော်ဟစ်၍ အလွန်တောင့်မာစေပြီး သူငယ်ထံမှ ထွက်သွားလေ၏ (ရှင်လုကာခရစ်ဝင် ၉း၃၇–၄၂၊ ရှင်မာကုခရစ်ဝင် ၉း၁၇–၂၇)။

ထိုဖခင်ကဲ့သို့ပင် လူများစွာတို့သည် သူတို့၏မိသားစုဝင်များအား နတ်ဆိုးဝိညာဉ်တို့၏တိုက်ခိုက်ခြင်းကြောင့် စိတ်သောက ရောက်နေရသော သူများစွာရှိပါသည်။ အချို့တို့သည် အိပ်မပျော်ပေ။ အချို့တို့သည် နာမကျန်းဖြစ်ကြသည်။ အချို့တို့သည် ထူးဆန်းသော အသံများကို ကြားကြရသည်။ အချို့တို့သည် သဘာဝလွန် စွမ်းအားတို့ဖြင့် ပူးကပ်ခံရပြီး ရပ်ရွာများကို ကြောက်လန့်စေကြပါသည်။ သို့သော်လည်း သူတို့သည် လွန်စွာပင် အကူအညီကို လိုချင်တောင့်တနေကြပါသည်။

ဤနေရာတွင် သတင်းကောင်း တစ်ခုရှိပါသည်။ ယေရှုထံသို့ဆုတောင်းပြီး မကောင်းသော ဝိညာဉ်ဆိုးများမှ ကွယ်ကာပေးရန် တောင်းလျှောက်နိုင်ခြင်းဖြစ်ပါသည်။

အဖိုးအခပေးရန်မလိုသော အကူအညီ

အထက်လမ်းဆရာများနှင့် နတ်ဆရာများစွာတို့သည် ဤပြဿနာများကိုမဖြေရှင်းမီ အခကြေးငွေအမြောက်အများကို တောင်းကြပါသည်။

ဤနေရာတွင် ပို၍ကောင်းမွန်သော သတင်းရှိပါသည်။ ယေရှုသည် သင့်အား အခမဲ့ကူညီပေးမည်ဖြစ်သည်။

အထက်ပါဖော်ပြထားခဲ့သည့် ကျမ်းစာအကြောင်းအရာထဲတွင်၊ ယေရှုသည် ဒုက္ခဆင်းရဲရောက်နေသော မိသားစု၏ ငွေကိုမလိုချင်ပေ။ သူလိုအပ်သော တစ်ခုတည်းသောအရာမှာ သူ့အားယုံကြည်ရန်ပင်ဖြစ်သည်။ ယေရှုသည် လူသားများကိုချစ်၍ သူတို့၏ ပြဿနာများအား ဖြေရှင်းပေးရန် တောင့်တနေပါသည်။ ကောင်းမွန်သောမိဘများအနေဖြင့် သူတို့၏ သားသမီးများအား စောင့်ရှောက်ချင်သကဲ့သို့ဖြစ်ပါသည်။

သမ္မာကျမ်းစာတွင် ယေရှုသည် စင်္ကြာဝဠာကြီးတစ်ခုလုံးကို ဖန်ဆင်းသောသူ ဖြစ်ကြောင်း သွန်သင်ထားပါသည်။ သူ့ကိုယုံကြည်သော လောကလူသားများကို ကယ်တင်ရန်နောက်တဖန်သူကိုယ်တိုင် ကြွဆင်းလာလိမ့်မည်။ ဖန်ဆင်းရှင်အနေဖြင့်၊ ကမ္ဘာကြီးအား မကောင်းသော ဝိညာဉ်ဆိုး၊ ဒုက္ခဆင်းရဲခြင်း၊ နှင့် သေခြင်းတရားမှ ကယ်တင်နိုင်သည့် တန်ခိုးတော်သူ့ထံတွင်ရှိပါသည်။

မည်သို့ကယ်တင်မည်နည်း။

သမ္မာကျမ်းစာ၌ စင်္ကြာဝဠာကြီးတွင် မကောင်းမှုများ၊ နာကျင်မှု သို့မဟုတ် သေခြင်းတရားများမရှိသည့် အချိန်တစ်ချိန်ရှိခဲ့ကြောင်း ပြောထားပါသည်။ အရာရာတိုင်းသည် ဟန်ချက်ညီညီ ပြည့်စုံစွာရှိနေခဲ့သည်။ သို့သော်လည်း ဘုရားဖန်ဆင်းခဲ့သည့် ကောင်းကင်တမန်များ ပုန်ကန်လာသောအချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပါသည်။ ဤကောင်းကင်တမန်သည် သူ၏ဖန်ဆင်းရှင်ကို မနာလိုဖြစ်ခဲ့ပါသည်။ သူသည် အခြားသော ကောင်းကင်တမန်များကြားတွင် အလိမ်အညာကို ပျံ့နှံ့စေခဲ့ပြီး၊ သုံးပုံတစ်ပုံသောကောင်းကင်တမန်များကို သူ့နောက်လိုက်ရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ သူတို့အားလုံးသည် ဘုရားသခင်အား အာဏာကိုဆာလောင်နေသူ နှင့် တစ်ကိုယ်ကောင်းဆန်သူအဖြစ် စွပ်စွဲခဲ့ကြပါသည်။

ဖန်ဆင်းရှင်အတွက်ခက်ခဲသည့် ရွေးချယ်မှုတစ်ခု ရှိနေခဲ့သည်။ ဘုရားသခင်သည် သူတို့အား အကြမ်းနည်းဖြင့် ရပ်တန့်စေလျှင် သို့မဟုတ် ဖျက်ဆီးလိုက်မည်ဆိုလျှင် အခြားသောကောင်းကင်တမန်များနှင့် စင်္ကြာဝဠာတစ်ခွင်လုံးရှေ့၌ စာတန်၏ မှားယွင်းစွာစွပ်စွဲခဲ့သောအရာသည် အမှန်ပင်ဖြစ်သည်ဟု ထင်မှတ်ကြလိမ့်မည်ဖြစ်ပါသည်။ အခြားသော ရွေးချယ်မှုမှာ ထိုပုန်ကန်သော ကောင်းကင်တမန်များ၏ အသက်တို့ကို ဆက်လက်ရှင်သန်စေ၍ သူတို့၏အပြစ်များအား သူတို့၏စွပ်စွဲချက်များအတွက် ‌သက်သေဖြစ်စေရန်ဖြစ်ပါသည်။ ထို့နောက် မှန်ကန်သည့် အချိန်သို့ရောက်ရှိသောအခါ၊ ဖန်ဆင်းရှင်သည် ပုန်ကန်မှုများကို အဆုံးသတ်ပေးမည်ဖြစ်ပါသည်။

ပုန်ကန်မှု စတင်ပြီးနောက်တွင်၊ ကျွန်ုပ်တို့၏ မိဦးဖဦးတို့သည် ဘုရား၏ သတိပေးခြင်းကို နားမထောင်ဘဲ မကောင်းသော ကောင်းကင်တမန်များအား ဤကမ္ဘာကို အပိုင်စီးစေခဲ့ပါသည်။ ထိုမကောင်းသော ကောင်းကင်တမန်များတို့သည် ယခုတွင် လူသားများအား သွေးဆောင် ပြီးထိခိုက်အောင်လုပ်ဆောင်နေပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဖန်ဆင်းရှင်သည် ထိုနတ်ဆိုးကောင်းကင်တမန်တို့ထက် တန်ခိုးကြီးပါသည်၊ သူသည်ကျွန်ုပ်တို့အား ဝမ်းမြောက်စွာကူညီမည်ဖြစ်ပါသည်။

သင်၏ လုံခြုံရာ နေရာသို့လာပါ

ရှေ့တွင်ဖော်ပြခဲ့သော သက်သေခံချက်ထဲက ကျွန်ုပ်အား တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် ကျွန်ုပ်၏ အိမ်နီးချင်းကို မှတ်မိပါသလား။ သူမ၏ ဓားအားလွှတ်ချလိုက်သောအချိန်တွင်၊ သူမထံမှတဆင့် ကြောက်မက်ဖွယ်အသံကြားလိုက်ရသည်။ ထိုအသံသည်သူမ၏ ဆုံးပါးသွားခဲ့ပြီဖြစ်သော မိခင်၏ ဝိညာဉ်မှပြောနေသည်ဟု အခိုင်အမာပြောနေပါသည်။ ထိုနတ်ဆိုးဝိညာဉ်သည် အစားအစာပူဇော်ရန် တောင်းဆိုခဲ့ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်နှင့်အတူရှိနေသည့် အခြားသူများနှင့်အတူ ဆုတောင်းခဲ့ပြီး၊ ဘုရားထံမှ ထိုမကောင်းဆိုးဝါးဝိညာဉ်ထွက်သွားရန် တောင်းလျှောက်ခဲ့ပါသည်။ နောက်ဆုံးတွင်၊ ထိုနတ်ဆိုးဝိညာဉ်သည် သူမထံမှ ထွက်ခွာသွားခဲ့ပြီး၊ ကျွန်ုပ်၏ အိမ်နီးချင်းသည် ပုံမှန်စိတ်ကိုပြန်လည်၍ရရှိလာခဲ့ပါသည်။

ဒီလိုအရာမျိုး ဘယ်တော့မှ ထပ်မဖြစ်ချင်တော့ဘူး ဟု သူမပြောခဲ့ပါသည်။ သူမသည် မမြင်နိုင်သည့် အကောင်းနှင့် အဆိုးတိုက်လှန်ပွဲကြီးကို ရင်ဆိုင်ခဲ့ရပြီး၊ ထိုအ‌မှောင်ကမ္ဘာခြမ်းမှ ရောက်လာမည့် အရာများမှ မည်ကဲ့သို့ကွယ်ကာမှု ရနိုင်မည့် နည်းလမ်းကို သိချင်နေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည်သူမအား ယေရှုအကြောင်းနှင့် သမ္မာကျမ်းစာအကြောင်းကို သင်ပေးခဲ့ပါသည်။ သူမသည် ယေရှုထံတွင် အတိတ်မှ သူမအား နာကျင်စေခဲ့သူ တစ်စုံတစ်ဦးအပေါ်တွင် ထားခဲ့သည့် ဒေါသနှင့် ခါးသီးမှုများကို လက်လွှတ်လိုက်နိုင်ရန် ဆုတောင်းခဲ့ပါသည်။ သူမအား မကောင်းဆိုးဝါးများမှ ကွယ်ကာရန်နှင့် ကောင်းမွန်သော စိတ်နှလုံးသားကို ပေးရန် ဖန်ဆင်းရှင်ဘုရားအား တောင်းလျှောက်ခဲ့ပါသည်။ ထိုအရာကို လုပ်ဆောင်ပြီးနောက်တွင် မကောင်းဆိုးဝါး ဝိညာဉ်သည် သူမအား နောက်ယှက်ရန် ဘယ်သောအခါမျှ ပေါ်မလာတော့ပေ။

ယေရှု၏ ကွယ်ကာမှု တန်ခိုးကို သင်မြည်းစမ်းခံစားလိုပါသလား။ သင်ယခုကဲ့သို့ ဆုတောင်းနိုင်ပါသည်:

ချစ်လှစွာသော ဘုရား၊ ကျွန်ုပ် ကိုယ်တော်၏ အကူအညီကို လိုအပ်ပါသည်။ ကျေးဇူးပြု၍ မကောင်းဆိုးဝါး ဝိညာဉ်အားလုံးကို ကျွန်ုပ်ထံမှ အဝေးသို့ နှင်ထုတ်လိုက်ပါ။ ကျွန်ုပ်အား အသစ်သော နှလုံးသားကို ပေးသနားပြီး သန့်ရှင်းသော ကောင်းကင်တမန်များအား ကျွန်ုပ်ကို ကွယ်ကာရန် စေလွှတ်တော်မူပါ။ ယေရှု၏နာမအားဖြင့် ဤအရာများကို တောင်းလျှောက်ပါ၏။ အာမင်။

အကယ်၍ သင့်အနေဖြင့် ယေရှုက သင့်ကိုကူညီရန် သို့မဟုတ် သင်ချစ်သော သူတစ်ဦးတစ်ယောက်မှ နတ်ဆိုးဝိညာဉ်များမှ လွှတ်မြောက်ခွင့်ရရန် ရှာဖွေလိုလျှင်၊ စာရွက်၏ နောက်ကျောတွင်ရှိသော အချက်အလက်များမှတဆင့် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ဆက်သွယ်ပါ။

Copyright @ 2023 by Sharing Hope Publications. စီးပွါးဖြစ်မဟုတ်သောရည်ရွယ်ချက်များအတွက် ခွင့်ပြုချက်မလိုပဲ ပုံနှိပ်ခြင်း နှင့် မျှဝေခြင်းလုပ်ဆောင်နိုင်ပါသည်။

ကျမ်းများအား မြန်မာယုဒသန် ၁၈၃၅ သမ္မာကျမ်းစာမှ ကူးယူထားသည်။

ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းသွင်းပါ

ထုတ်ဝေမှုအသစ်များ ရနိုင်သည့်အခါတွင် ဦးစွာသိသူဖြစ်လိုက်ပါ

newsletter-cover
\