ယေရှုကူညီနိုင်မည်လား။

ယေရှုကူညီနိုင်မည်လား။

အကျဉ်းချုပ်

ကျွန်တော်တို့အားလုံး ဘဝမှာ တစ်ယောက်တည်း ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေကိုကြုံရပါတယ်။ တခါတရံတွင် ကျွန်ုပ်တို့၏နာကျင်မှုကို မည်သူမျှမမြင်နိုင်ဟု ကျွန်ုပ်တို့ထင်ကြသော်လည်း ဖန်ဆင်းရှင်ဘုရားသခင်သည် ထိုအရာ အားလုံးကို သိတော်မူ၏။ ကိုယ်တော်သည် သူ၏သားတော်ယေရှုကို ကျွန်ုပ်တို့အား ဒုက္ခဆင်းရဲမှ လွတ်မြောက်အောင် ကူညီ ပေးမည့် အစီအစဉ်ဖြင့်စေလွှတ်ခဲ့သည်။ ဤပုံပြင်သုံးပုဒ်သည် သခင်ယေရှုထံ အကူအညီတောင်းခဲ့သော တကယ့်ပြဿနာနှင့် တကယ့်လူများကို ဖော်ပြထားသည်။ ထိုအချိန်က ယေရှုအကြောင်းကို မည်သူမျှ အများကြီးမသိကြသေးသော်လည်း၊ သူတို့ကို သခင်ကကူညီပြီးနောက် သခင့်ကို ပိုသိလိုလာကြသည်။ ယေရှုထံ ကျွန်ုပ်တို့၏ပြဿနာများကို ပြောပြနိုင်ရန်အတွက် မည်သို့ဆုတောင်းရမည်ကိုဤလက်ကမ်းစာစောင်က ကျွန်ုပ်တို့အား သင်ကြားပေးပါသည်။ ကျွန်ုပ်တို့ကိုလည်း သခင်ကကူညီပါလိမ့်မည်။

ဒေါင်းလုဒ်ပါ

ချစ်လှစွာသောမိတ်ဆွေ၊ သင်၏အသက်တာတွင် မည်သို့သောအခက်အခဲများနှင့် ကြုံတွေ့နေရသည်ကို ကျွန်ုပ်မသိပါ၊ သို့သော်လည်း ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ ခွန်အားနှင့် ဖြေရှင်း၍ မရသည့် ပြဿနာများကို ရင်ဆိုင်နေရပါသည်။

ဖျားနာခြင်း၊ စိတ်နှလုံးပူဆွေးခြင်း၊ အထီးကျန်ခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ကြောက်ရွံ့ခြင်း၊ ရှက်ရွံ့ခြင်းအရာများ တစ်ခုမဟုတ်တစ်ခု သင့်အသက်တာတွင်ရှိနေပါလိမ့်မည်။ သို့သော် မည်သို့သောပြဿနာမျိုးနှင့် ရင်ဆိုင်နေရပါစေ သင့်အားကူညီနိုင်မည့်သူ တစ်ယောက်ရှိနေပါသည်။ ထိုသူ၏နာမတော် မှာ ယေရှုခရစ်တော်ဖြစ်ပါသည်။ အခက်အခဲနှင့်လိုအပ်ချက်ရှိသော လူများစွာတို့သည် သူ့ထံသို့လာသောအခါ ထိုသူတို့သည် မိမိလိုအပ်သောအကူအညီများကို ရရှိခဲ့ကြပါသည်။

အောက်တွင်ဖော်ပြထားသည်အရာမှာ အာရှနိုင်ငံများတွင်ရှိသောသူများကို ယေရှုကူညီခဲ့သည့် အဖြစ်မှန် အကြောင်းအရာ သုံးခုဖြစ်ပါသည်။

သီရိလင်္ကာ နိုင်ငံတွင်ရှိသည့် ငယ်ရွယ်သောမိခင်တစ်ဦး

ဂျာယာ သည် သွေးဖက်ဆိုင်ရာဓာတ်ခွဲခန်းငယ်တစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ သူမ၏ခင်ပွန်းသည် သူမအားထားသွားခဲ့သော်လည်း သူမနှင့်သူမ၏သားကို ထောက်ပံ့နိုင်ရန် အလုပ်တစ်ခုရှိနေသည့်အတွက် သူမအလွန်ပျော်ရွှင်ခဲ့ပါသည်။ သူမသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း၊ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည့် သူမ၏သူဌေးဖြစ်သူ အန်နာ အတွက် အလုပ် လုပ်ကိုင်ပေးရသည်ကို သူမ ဝမ်းမြောက်ပါသည်။ မကြာမီအချိန်တွင် သူမတို့နှစ်ဦးသည် သူငယ်ချင်းကောင်းများ ဖြစ်လာခဲ့ကြပါသည်။

တစ်ရက်၌အလုပ် လုပ်နေစဉ်တွင် ဂျာယာအနေဖြင့် ရုတ်တရက် ပြင်းထန်သည့် နာကျင်မှုတစ်ခုကို ခံစားခဲ့ရပါသည်။ သူမ၏ လက်ဖျံတွင် ရှည်လျားသော ပြတ်ရှဒဏ်ရာသုံးခုမှသွေးများစွာထွက်နေသည်ကို သူမသတိထားမိချိန်တွင် သူမထိန့်လန့်စွာနှင့် အော်ဟစ်ခဲ့ပါသည်။ အခန်းထဲတွင် မကောင်းဆိုးဝါးဝိညာဉ်များ ရှိနေသည်ကို ဂျာယာခံစားမိနေသည်။

သူမ၏ အော်ဟစ်သံကို ကြားသောအခါ အန်နာသည် သူမထံသို့ ပြေးလာခဲ့ပါသည်။ ဖြစ်ပျက်ခဲ့သည့် ကြောင်းအရာများကို ရှင်းပြနေသော ဂျာယာ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိန့်လန့်မှုကို သူမမြင်တွေ့ခဲ့ရပါသည်။ အန်နာ သူမအားပြန်လည်၍ ဖြေကြားခဲ့သည်မှာ၊ ဂျာယာ ငါ့ရဲ့ဘုရားက ဒီမကောင်းဆိုးဝါး ဝိညာဉ်တွေကို ထွက်သွားအောင် အမိန့်ပေးနိုင်တဲ့ တန်ခိုးရှိတယ်၊ ဒါကြောင့် အခုဘဲ ဆုတောင်းကြရအောင်။ အန်နာ ဆုတောင်းပြီးသောအချိန်တွင် ဂျာယာသည်သူမထံတွင် ငြိမ်သက်ခြင်းကိုခံစားခဲ့ရပါသည်။ မကောင်းဆိုးဝါးဝိညာဉ်များတို့သည် ပျောက်လွှင့်ထွက်ခွါသွားပြီဖြစ်ပါသည်။

ဆုတောင်းချက်က ဒီလောက်မြန်မြန်ကြီး အဖြေရတဲ့အပေါ်မှာ ကျွန်မတော်တော်လေးအံ့ဩခဲ့တယ်လို့ ဂျာယာ ပြောပြီး၊ ကျွန်မရဲ့ သူဌေးကိုယ်တိုင် ဆုတောင်းခဲ့တဲ့ ယေရှုကြောင်းကို ကျွန်မပိုပြီးတော့ သိချင်တယ်။ သိသိသာသာဘဲ သူကကြားပြီးတော့ ဆုတောင်းချက်တွေကို အဖြေပေးခဲ့တယ်။

ဘန်ကောက်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦး

ဆူချင်း သည် သူမ၏ကုမ္ပဏီတွင် ရာထူးလျင်မြန်စွာတိုး၍ အောင်မြင်သည့် စီးပွားရေးလုပ်ဆောင်သည့် အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါသည်။ သို့သော်လည်း အရာအားလုံးသည် ကောင်းသည်တော့မဟုတ်ပါ။ သူမလက်ထပ်မည်ဟု ရည်ရွယ်ထားခဲ့သည့် သူမ၏ ချစ်သူသည် သူမနှင့်လမ်းခွဲခဲ့သောကြောင့်၊ သူမသည် တစ်ကိုယ်တည်း အထီးကျန်၍ အသည်းကွဲနေခဲ့ပါသည်။

သီတင်းပတ်ပေါင်းများစွာ ကျော်လွန်လာခဲ့ပြီး ကမ္ဘာကြီးသည်လည်း သူမအတွက် မှောင်မိုက်လာခဲ့ပါသည်။ ဆူချင်း အနေဖြင့် သတင်းများတို့သည်လည်း စဉ်ဆက်မပြတ် ထိန့်လန့်စရာ ကံဆိုးမိုးမှောင်ကျခြင်းများကိုသာ တင်ဆက်လာသည်ကို သတိထားမိလာသည်။ သီချင်းစာသားများ နှင့် ရုပ်ရှင်များပင်လျှင် အသက်တာအတွက် အန္တရာယ်ရှိသည့် အရာများကိုသာ အာရုံပြုဖော်ပြလာခဲ့ကြသည်။ ဤကပ်ဘေးဒုက္ခအားလုံး၏ နောက်ကွယ်တွင် ထိန်းချုပ်စီမံထားသူ တစ်ဦးတစ်ယောက်ရှိရမည်ဟု၊ သူမကောက်ချက်ချခဲ့ပါသည်။ ထိုသို့ဆိုလျှင် ကမ္ဘာပေါ်တွင်ရှိနေသည့် ကောင်းမှုအရာများကရော။ ထိုအရာ၏ နောက်ကွယ်တွင် တစ်စုံတစ်ဦးရှိနေခဲ့သလား။ သူမ မသိခဲ့ပေ။

တစ်ညတွင်၊ သူမအိပ်ယာမှနိုးခဲ့ပြီး၊ အခန်းထဲတွင် တစ်စုံတစ်ခုရှိနေသည်ဟု သူမသတိထားမိခဲ့သည်။ ပထမတွင် သူမအိမ်မက်မက်နေသည်ဟု ထင်ခဲ့သော်လည်း၊ သူမနောက်တစ်ကြိမ် ပြန်ကြည့်သောခါတွင် တစ်စုံတစ်ဦးသည် သူမ၏ ကုတင်ခြေရင်းတွင် မတ်တတ်ရပ်နေသည် တွေခဲ့ပါသည်။ အံဩစွာပင်၊ သူမသည် မကြောက်ရွံ့ခဲ့ပေ။ ထိုသူ၏ ကြင်နာသော မျက်နှာကို သူမကြည့်နေခဲ့ပြီး ထိုသူသည် ကောင်းသောသူ တစ်ဦးဖြစ်ကြေင်းကို သူမသိခဲ့ပါသည်။ သံသယများကို ဖျောက်လိုက်ပြီး၊ သူမမျက်လုံးများကို ပိတ်၍အိပ်စက်လိုက်ပါသည်။

နောက်တစ်နေ့ရောက်သောအချိန်တွင် ညအချိန်တွင်ရောက်ရှိလာသည့် ဧည့်သည်အကြောင်းကို စဉ်းစားခဲ့ပြီး၊ သူမတွေ့ခဲ့သောသူမှာ ယေရှုဖြစ်ကြောင်းကို သူမစတင်၍ လက်ခံလာခဲ့ပါသည်။ သူမ ကူရာကယ်ရာမဲ့နေသည့်အကြောင်းကို သူသိရှိပြီး သူမအားကူညီရန် ရောက်လာခဲ့သည်ဟု သူမခံစားမိခဲ့ပါသည်။ ထိုသူ၏ အကြောင်းကို ပိုမို၍သိရှိလာနိုင်ရန် လေ့လာနိုင်မည့်နေရာကို လွန်စွာသိချင်နေသောအချိန်တွင်၊ သူမ၏စိတ်ထဲတွင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း သို့သွားရန် ပြင်းထန်သည့် စိတ်ခံစားမှုတစ်ခုကို သူမရရှိခဲ့ပါသည်။ သူမသည် ထိုနေရာတွင် ကျမ်းစာကို လေ့လာပြီးနောက်တွင်၊ သူမသည် ခရစ်တော်အကြောင်းနှင့် ခရစ်တော်အား မည်ကဲ့သို့ ရှာဖွေရမည် ဆိုသည့်အရာများကို သင်ယူခဲ့ရပါသည်။ ဆူချင်း အနေဖြင့် ဘယ်သောအခါတွင်မျှ သူမအထီးကျန်စရာ မလိုတော့ကြောင်းကို သိရှိသွားခဲ့ပါသည်။

မလေးရှားနိုင်ငံရှိ ကူရာကယ်ရာမဲ့သည့် ဖခင်တစ်ဦး

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူအိပ်စက်ခဲ့သည့် လွန်စွာသက်သောင့်သက်သာ မရှိလှသော သူ၏ကားထိုင်ခုံတွင် ချန်း တစ်ယောက် လူးလိမ့်နေခဲ့ပါသည်။ ဆေးရုံအတွင်းရှိ သူ၏သား နံဘေးတွင် သူရှိနေရန် ပို၍လိုလားခဲ့သော်လည်း အထူးကုသဆောင်တွင် မိဘရှင် တစ်ဦးကိုသာ ညအိပ်ခွင့်ပေးသောကြောင့် သူမည်သို့မျှ မတတ်နိုင်ခဲ့ပေ။

ဘာကြောင့်များ သူရဲ့သားငယ်လေးမှာ အသက်အန္တရာယ်ရှိတဲ့ နှလုံးရောဂါ ကိုခံစားခဲ့ရတာလဲ။ အကယ်၍များ သူသေသွားခဲ့ရင်ရော။ သူ၏ တစ်ဦးတည်းသောသားလေးမရှိတော့သည့် ဘဝအကြောင်းကိုသူသည်စိုးစင်းမျှပင် မတွေးဝံ့ခဲ့ပေ။ ချန်း၏ မျက်နှာပေါ်တွင် မျက်ရည်စများ စီးဆင်းလာခဲ့ပါသည်။ သူသည် အကူအညီမဲ့သလို ခံစားနေခဲ့ရပါသည်။ ဘုရားကျောင်းကန်သွားခြင်းနှင့် ရှေးဘိုးဘေးများထံဆုတောင်းခြင်းများတို့သည်လည်း မည်သည့်အဖြေကိုမျှ သယ်ဆောင်မလာနိုင်ပေ။ ယခုပင်လျှင် ခွဲစိတ်ဆရာဝန်ကိုယ်တိုင်က ခွဲစိတ်ကုသမှုပြုလျှင်ပင် သူ့သားငယ်၏ နှလုံးအခြေအနေသည် ပြန်လည်၍ကောင်းမွန်လာနိုင်ဖွယ်မရှိတော့ဟု ပြောနေပြီဖြစ်သည်။  

သူ၏နံဘေးတွင်ရှိသော ထိုင်ခုံကိုစောင်းငဲ့ကြည့်လိုက်ရာတွင် ချန်းသည် ခုံပေါ်တွင်ရှိနေသည့် လွန်ခဲ့သော ရက်အနည်းက ခရစ်ယာန်တစ်ဦးပေးထားခဲ့သည့် လက်ကမ်းစာစောင်ငယ် တစ်ခုဆီရောက်ရှိသွားခဲ့သည်။ အလေးအနက် တွေးခြင်းမရှိဘဲနှင့် ချန်းသည် စာကိုဖတ်ရန်အတွက် မီးကိုဖွင့်လိုက်ပါသည်။ ထိုလက်ကမ်းစာစောင်ငယ်တွင် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည့် ဘုရားအကြောင်းနှင့် ကျွန်ုပ်တို့အားချစ်ပြီး ကျွန်ုပ်တို့၏လိုအပ်ချက်များကို သူ့ထံသို့ယူဆောင်လာရန် စောင့်မျှော်နေသော ဘုရားအကြောင်းကို ပြောပြထားပါသည်။

ချန်းသည် သူဖတ်ခဲ့ရသည့် အကြောင်းအရာနှင့်ပတ်သက်၍ စဉ်းစားတွေးတောနေခဲ့ပါသည်။ သူသည် အကူအညီမဲ့နေခဲ့ပါသည်။ ဤဘုရားသည် သူ၏အခြေအနေကို ကူညီပေးနိုင်မည်လား။ ဘုရား၊ အကယ်၍ သင်သည် အမှန်တကယ်ရှိမည်ဆိုလျှင်၊ သင့်အားတစ်ခုတည်းသောအရာကို လုပ်ဆောင်ရန် ကျွန်ုပ်တောင်းလျှောက်ပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်၏ သားလေးအား ကုသပေးပါ၊ သင်ကုသပေးမည်ဆိုပါက သင်သည်ကျွန်ုပ်၏ဘုရားဖြစ်၍ ကျွန်ုပ်သည် သင့်နောက်သို့ လိုက်ပါမည်။

နောက်နေ့နံနက်တွင်၊ ချန်းသည် သူ့သား၏ အခန်းအတွင်းသို့ ဝင်ခဲ့သည်။ ဆရာဝန်များနှင့် သူနာပြုဆရာမများတို့သည် သူ့သား၏ ကုတင်ဘေးတွင် ကူးလူးသွားလာနေပါသည်။ သူတို့သည် ပြုံးနေကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဇယားကွက်များကို ကြည့်နေကြပါသည်။ ကောင်လေးသည် နေပြန်ကောင်းလာပြီဖြစ်သည်။

ယခုတွင် သင့်အလှည့်ဖြစ်ပါသည်။

သင့်အလုပ် သို့မဟုတ် ကျောင်းသင်ခန်းစာများနှင့် ရုန်းကန်နေရပါသလား။ သင့်အနားတွင်ရှိနေသည့် သူများနှင့် ပဋိပက္ခများ ရှိနေပါသလား။ သင် ကြောက်ရွံ့မှု သို့မဟုတ် ဖျားနာမှု ကိုခံစားနေရပါသလား။ သင်အထီးကျန်နေသလား။ သင်စွဲလန်းနေသောအရာ သို့မဟုတ် သင့်အသက်တာတွင်ရှိသည့် အားနည်းမှုများကို ကျော်လွှားအောင်မြင်ရန် စွမ်းအားမဲ့နေပါသလား။

ယေရှုသည် သင့်ကိုကူညီပေးနိုင်ပါသည်။

သူမိန့်တော်မူသည်မှာ၊ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်” (ရှင်မဿဲခရစ်ဝင် ၁၁း၂၈)။

ယေရှုသည် မည်သူမည်ဝါဖြစ်ကြောင်းကို သင်အလုံးစုံနားလည်ချင်မှ နားလည်ပါလိမ့်မည်။ သူအမှန်တကယ်ရှိသလား ဆိုသည်ကိုလည်း သင်အံဩနေပေလိမ့်မည်။ သို့သော်လည်း ရိုးသားစွာဖြင့် သင်သည် အမှန်တရားအားသိလိုလျှင်၊ အကူအညီ အမှန်တကယ် လိုအပ်သည်ဆိုပါက၊ ယေရှုသင့်အား ကူညီလိမ့်မည်ဖြစ်သည်။

ရိုးရှင်းစွာ ဆုတောင်းရန်မှာ၊ ‌ယေရှု၊ သင်သည်အမှန်တကယ်ရှိကြောင်းနှင့် သင်သည်ကျွန်ုပ်အား ကူညီနိုင်ကြောင်းကို ယုံကြည်လိုပါသည်။ သင်သည် အမှန်တကယ်ရှိကြောင်း ကျွန်ုပ်အားဖော်ပြ၍ ကျွန်ုပ်ကို . . . ကူညီပါ။ (သင်ဖြည့်လိုသောအရာကို ကွပ်လပ်တွင်ဖြည့်ပါ) ..... သင်ကဲ့သို့သော ဘုရားကို ယခုကျွန်ုပ်လိုအပ်နေပါသည်။

ယေရှုသည် အမှန်တကယ်ပင် ကူညီပါလိမ့်မည်။ သူကူညီသောအခါ၊ တစ်စုံတစ်ယောက်အား သူ၏အကြောင်းကို ပြောပြပါ၊

ယေရှု၏ တန်ခိုးတော်ကို ပို၍သိရှိလိုပါက၊ ဤစာရွက်၏ အနောက်ဖက်တွင်ရှိသည့် အချက်အလက်များအတိုင်း ကျေးဇူးပြု၍ကျွန်ုပ်တို့အား ဆက်သွယ်ပါ။

Copyright @ 2023 by Sharing Hope Publications. စီးပွါးဖြစ်မဟုတ်သောရည်ရွယ်ချက်များအတွက် ခွင့်ပြုချက်မလိုပဲ ပုံနှိပ်ခြင်း နှင့် မျှဝေခြင်းလုပ်ဆောင်နိုင်ပါသည်။

ကျမ်းများအား မြန်မာယုဒသန် ၁၈၃၅ သမ္မာကျမ်းစာမှ ကူးယူထားသည်။

ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းသွင်းပါ

ထုတ်ဝေမှုအသစ်များ ရနိုင်သည့်အခါတွင် ဦးစွာသိသူဖြစ်လိုက်ပါ

newsletter-cover
\