ပို၍ကောင်းမွန်သည့် အနာဂတ်တစ်ခု

ပို၍ကောင်းမွန်သည့် အနာဂတ်တစ်ခု

အကျဉ်းချုပ်

ဤကမ္ဘာကြီးတွင် မကောင်းမှုများဖြစ်ပျက်လျက်ရှိသည်။ လူတို့ ဒုက္ခရောက်ပြီး သေကြသည်။ သို့သော် အနာဂတ်အတွက် မျှော်လင့်ချက်ရှိပါသည်။ ခရစ်ယာန်တို့၏ သန့်ရှင်းသောစာအုပ် ဖြစ်သည့် သမ္မာကျမ်းစာကဆိုထားသည်မှာ ယေရှုက သူ့ကိုချစ်သောသူများကို ပိုကောင်းတဲ့နေရာကို ခေါ်ဆောင်ဖို့ ကြွလာခြင်းဖြစ်ပါသည်။ ထိုနေရာ၌ အဘယ်သူမှ ဖျားနာ၊ ဒုက္ခရောက်လိမ့်မည်မဟုတ်တော့ပါ။ လူတိုင်း ငြိမ်းချမ်းစွာ၊ စည်းလုံးညီညွှတ်စွာ ထာဝရ နေထိုင်သွားလိမ့်မည်။ ဤလက်ကမ်းစာစောင်သည် ဘုရားသခင်၌ သိမ်းဆည်းထားသော လှပသောအနာဂတ်တွင် သင်မည်ကဲ့သို့ ပါဝင်နိုင်သည်ကို ပြောပြထားပါသည်။

ဒေါင်းလုဒ်ပါ

ကုန်စုံဆိုင်ကြီးထဲတွင် သွားလိုရာနေရာသို့ သွားနေကြစဉ်တွင် လီသည် သူ့ သမီးလေးနှစ်ဦး၏ လက်များကို တင်းကျပ်စွာဆုတ်ကိုင်ထားခဲ့ပါသည်။ သတိထား ဟူ၍ စိုးရိမ်ကြီးစွာဖြင့် တီးတိုးပြောလိုက်သည်။ ဖေဖေနဲ့ အနီးကပ်ပြီးနေ။ သူ၏ဦးခေါင်းလှည့်သွားသည်။ ဤကဲ့သို့သော ကုန်စုံဆိုင်မျိုးသို့ သူသွားလေ့သွား ထမရှိခဲ့ပေ။ ပို၍သေချာသည်မှာ သူကိုယ်တိုင် သူ၏ကလေးများအား ထိန်းကျောင်းပေးသည့် အလေ့အထလည်း မရှိပေ။

အစားအစာအချို့တို့ကိုဝယ်အပြီး သူ၏သမီးများနှင့် ဘတ်စကားပေါ်သို့တက်သောအချိန်တွင်၊ သူငိုချင်သလို ခံစားနေရပါသည်။ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်က ဆုံးပါးသွားခဲ့သည့် သူ၏ဇနီးသည်အား သူလွမ်းဆွတ်တမ်းတနေခဲ့သည်။ သူမ၏ ပြုံးရွှင်နေသောမျက်နှာကို သူသတိယနေခဲ့သည်။ ကလေးများအား ထိန်းသည့်ပုံများနှင့် အစားအစာပြင်ဆင်ခဲ့သည်များကို သူသတိယနေခဲ့သည်။ သူတို့၏ဘဝသည် ဤကဲ့သို့ ဝမ်းနည်းဆွေးမြေ့ဖွယ်ရာဖြင့် အဆုံးသတ်သွားလိမ့်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပေ။

သူဘာကြောင့်များ အရမ်းကြီး ခံစားနေရသနည်း။ သူ့ကလေးတွေ ဘာကြောင့်များ အရမ်းကြီး ခံစားနေရသနည်း။ ဤအရာသည် အနာဂတ်အတွက် သူမျှော်လင့်နိုင်သည့် အကောင်းဆုံးသောအရာလား။

အနာဂတ်အတွက် မျှော်လင့်ချက်

အချိန်များ ကုန်လွန်လာပြီးနောက်တွင်၊ လီ အနေဖြင့် ဘာသာတရားသည် သူ့အတွက် ပို၍ကောင်းမွန်သည့် အနာဂတ်ကို ရှာဖွေနိုင်ရန် ကူညီပေးနိုင်သလား ဆိုသည်ကို စဉ်းစားလာခဲ့ပါသည်။ သို့သော်လည်း ဘာသာရေးတိုင်းသည် သူတို့၏ ကိုယ်ပိုင်အဖြေကို ဖော်ပြပေးကြောင်းနှင့် ဘာသာတရားအားလုံးသည် ကောင်းမွန်သည်မဟုတ်ကြောင်းကို သူသိရှိလာခဲ့သည်။ သူ့ရဲ့ဆုံးရှုံးမှုများသည် အဓိပ္ပါယ်ရှိပါသည် ဟူသောအဖြေကို သူဘယ်မှာ ရှာတွေ့နိုင်မည်နည်း။ သူ့ရဲ့မိန်းမနှင့် ပြန်လည်ဆုံတွေ့ဖို့ ဆိုသည့်မျှော်လင့်ချက်တစ်ခုမှ မရှိတော့ဘူးလား။ ဤအဆုံးမသတ်နိုင်တဲ့ နာကျင်မှုအတွက် အဖြေရှာတွေ့နိုင်ပါအုံးမည်လား။

အချို့သော အတွေးအခေါ်ပညာရှင်တို့က ဤကမ္ဘာကြီးသည် ပုံမှန်အတိုင်း တိုးတက်နေအုံးမည်ဟု သွန်သင်နေစဉ်တွင် လီသည် ထိုသွန်သင်မှု၏ ဆန့်ကျင်ဘက်အနေအထားကို ရှင်းလင်းစွာမြင်နေရပါသည်။ အခြားသော ဘာသာရေးများတို့သည် လွှတ်မြောက်နိုင်မည့် အစီအစဉ်များကို ဖော်ပြပေးနေပါသည်။ ဤကမ္ဘာကြီးသည် ထာဝရပျက်စီးသွားမည်ကို သူတို့သိမြင်ကြပြီး ဘုရားသခင်သည် သူတော်ကောင်းများအား ကယ်တင်ပြီး သူတို့သေဆုံးသွားပြီးနောက်တွင် ကောင်းကင်သို့ ခေါ်ဆောင်သွားမည်ဟု သွန်သင်ကြပါသည်။ အချို့သောသူများသည် ထာဝရတည်နေမည့်အခြေအနေတစ်ခုအတွက် ရှင်းပြချက်အတွေးအခေါ်တစ်ခုဖြစ်သည့် နိဗ္ဗာန်ဘုံသို့ အာရုံစိုက်ကြပါသည်။ သို့သော်လည်း ၎င်းအရာသည် ခံစားမှုကင်းမဲ့နေသကဲ့သို့ဖြစ်နေပြန်သည်။ လီအနေဖြင့် မည်သည့်ရှုမြင်ချက်သည်အကောင်းဆုံးဖြစ်မည်ကို စဉ်းစားနေခဲ့ပါသည်။

ခရစ်ယာန်တို့၏အဖြေ

လီသည် ခရစ်ယာန်အိမ်နီးချင်းနှင့် စတင်၍ စကားပြောလာခဲ့သည်။ များမကြာမီတွင် သူ့အနေဖြင့် သမ္မာကျမ်းစာဟုခေါ်သည့် ခရစ်ယာန်တို့၏ သန့်ရှင်းသော ကျမ်းတွင် ဤကမ္ဘာကြီးသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ကို ပုန်ကန်သောကြောင့် ဒုက္ခဆင်းရဲအခြေအနေတွင် ရောက်ရှိနေကြောင်း သွန်သင်ထားသည်ကို လေ့လာခဲ့ရပါသည် (ကမ္ဘာဦးကျမ်း ၆း၅)။ သို့သော်လည်း ဖန်ဆင်းရှင်သည် ဤကမ္ဘာကြီးအား ယခင်ကပြည့်စုံသည့် ပုံစံအတိုင်း ပြန်လည်၍ ဖန်ဆင်းမည်ဟု ကတိတော်ရှိခဲ့ပါသည်။ (ဗျာဒိတ်ကျမ်း ၂၁း၁) သူတို့၏တစ်ကိုယ်ကောင်းဆန်သည့် စိတ်ခံစားမှုများကို ဘုရားအားကုသခွင့် ပေးသောသူများအားလုံးသည် ကမ္ဘာသစ်တွင် ကြိုဆိုခြင်းကို ခံရပါလိမ့်မည်။

သမ္မာကျမ်းစာတွင် ပြောထားသည်မှာ ဖန်ဆင်းရှင်ဘုရားသခင်က၊ သူတို့၏ မျက်စိ၌မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။ (ဗျာဒိတ်ကျမ်း ၂၁း၄) ဆင်းရဲဒုက္ခသည် ထာဝရကွယ်ပျောက်သွားလိမ့်မည်။

ထိုအခါမျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွှတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။...စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ (ဟေရှာယအနာဂတ္တိကျမ်း ၃၅း၅–၆) ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံခြင်းများတို့သည် ကွယ်ပျောက်သွားလိမ့်မည်။

သဘာဝကမ္ဘာကြီးသည်လည်း နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိလိမ့်မည်။ တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်” (ဟေရှာယအနာဂတ္တိကျမ်း ၆၅း၂၅)

ဤအရာသည် အဘယ်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း။ ကျမ်းစာတွင် ဘုရားသည် မထင်မှတ်သောအချိန်တွင် ကြွလာလိမ့်မည်ဟု ဆိုထားပါသည် (ရှင်မဿဲခရစ်ဝင် ၂၄း၃၆–၄၂)၊ သို့သော်လည်း မည်သူမျှ သတိမထားမိဘဲ နေလိမ့်မည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော် ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ (ဗျာဒိတ်ကျမ်း ၁း၇)။ လျှပ်စီးလက်ခြင်းနှင့် မိုးချုန်းခြင်း၊ နှင့် မြေကြီးလှုပ်ခြင်း များဖြစ်လိမ့်မည်။ (ရှင်မဿဲခရစ်ဝင် ၂၄း၂၇; ဗျာဒိတ်ကျမ်း ၁၆း၁၇–၂၁)။

ကြီးစွာသော တံဘိုးခရာမြည်လိမ့်မည်။ ဖန်ဆင်းရှင်ဘုရားသခင်ကိုယုံကြည်၍ သေလွန်သမျှသောသူတို့သည် နောက်တဖန်အသက်ကိုပြန်၍ ရကြလိမ့်မည်။ အသက်ရှင်၍ ကျန်ကြွင်းသော ယုံကြည်သူများနှင့်အတူ၊ သူတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ မိုဃ်းတိမ်နှင့် ချည်ဆောင်ခြင်ကို ခံရသဖြင့်” (သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၄း၁၇)။ မည်မျှပျော်ရွှင်ဖွယ်ကောင်းသည့် ပြန်လည်ပေါင်းစည်းခြင်း ဖြစ်မည်နည်း။

ဘုရားသခင်သည်လူသားအားလုံးကို ကမ္ဘာသစ်တွင် နေထိုင်စေလိုပါသည်။ ဆိုးသောသူအားလုံးတို့သည် လုံးဝဥသုံပျက်စီးခြင်းသို့ရောက်လိမ့်မည်ဖြစ်သည်။ (ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၃း၉–၁၁) ထို့နောက်မှ ဘုရားသခင်သည် ကမ္ဘာကြီးကို အသစ်ပြန်လည်ဖန်ဆင်းပြီး ကျွန်ုပ်တို့အားလုံးကို ညစ်ညမ်းခြင်း၊ ဒုက္ခဆင်းရဲနှင့် သေခြင်းမရှိသော အသစ်သောအိမ်တွင် ကြိုဆိုနေမည်ဖြစ်ပါသည်။

ပြန်လည် ဖန်ဆင်းမည့်ကမ္ဘာကြီးကို စိတ်ကူးပုံဖော်ခြင်း

ကျမ်းစာအား ဖတ်နေစဉ် လီသည်၊ ထိုစာစောင်မှ ဖော်ပြထားသည့် အရာများကို စိတ်ကူးပုံဖော်နေခဲ့ပါသည်။ ပြန်လည်၍ ရှင်ပြန်ထမြောက်လာမည့် သူ့ဇနီးသည်နှင့်အတူ အေးချမ်းသည့် မြက်ခင်းလွင်ပြင်ကြီးပေါ်တွင် လမ်းလျှောက်နေသည်ကို မြင်ယောင်နေမိပါသည်။ သူတို့၏သမီးငယ်လေးများ ခွန်အားကြီးသော ကျားကြီးတို့နှင့် ဆော့ကစားနေကြစဉ်တွင် သူတို့အနေဖြင့် ချောင်းငယ်လေး၏နံဘေးတွင် ပျော်ပွဲစား စားနေကြလိမ့်မည်။

ရက်သတ္တတစ်ပတ်တွင် တစ်ရက်၊ သူတို့သည် ဖန်ဆင်းရှင်ကိုယ်တော်တိုင် ကျိန်းဝပ်စံမြန်းတော်မူသည့် မြို့တော်ကြီးရှိရာသို့ သူတို့သည် အတူတကွသွားကြလိမ့်မည်။ (ဟေရှာယနာဂတ္တိကျမ်း ၆၆း၂၂–၂၃)။ သူတို့သည် ရွှေစင်ခင်းထားသည့် လမ်းမကြီးပေါ်တွင် လမ်းလျှောက်နေကြလိမ့်မည်။ သူတို့၏ နှလုံးသားထဲတွင် ဝမ်းမြောက်မှုနှင့်အတူ ဖန်ဆင်းရှင်အား ချစ်သောစိတ်တို့နှင့် ပြည့်လျှံနေလိမ့်မည်။ ဘုရားအားချီးမွမ်းခြင်းသီချင်းကို သူတို့သည် အတူတကွ ကျူးဧနေလိမ့်မည်။

မည်သူတစ်ဦးတစ်ယောက်မျှ အိုမင်းလာခြင်း၊ ဖျားနာခြင်း သို့မဟုတ် သေခြင်းများ ရှိတော့မည်မဟုတ်ပေ။ ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်းတို့သည် စုံလင်နေလိမ့်မည်။

အမှန်တကယ်ဖြစ်ကြောင်းလက်ခံရန် အထူးကောင်းမွန်လွန်းနေသလား။

ခရစ်ယာန်ကျမ်းစာတွင် ဖတ်ရသည့်အကြောင်းအရာများကို လီ အလွန်နှစ်သက်ပါသည်။ တစ်ခါတစ်ရံတွင်၊ အမှန်ဖြစ်သည်ဟု လက်ခံရန် အထူးကောင်းမွန်လွန်းနေပါသည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျေးဇူးတင်ချီးမွမ်းခြင်းပင်ဖြစ်ပါသည်။ ဇနီးသည်မရှိသည့် ဖခင်တစ်ဦးအနေဖြင့် ဘဝသည်မလွယ်ကူပါချေ။ သို့သော်လည်း သူ့အနေဖြင့် အနာဂတ်အတွက် ငြိမ်းချမ်းမှုနှင့် မျှော်လင့်ချက် ရှိနေပါသည်။

လူသားများအနေဖြင့် ဒုက္ခဆင်းရဲခြင်းကို ကြုံတွေ့ရခြင်းသည် သာမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်ပါသည်။ လောကီမှုရေးရာများမှရပ်တန့်ပြီး ခုက္ခပြဿနာများကို အာရုံစိုက်ရန် လွယ်ကူလှပါသည်။ သို့သော်လည်း သတင်းကောင်းရှိနေပါသည်။ သမ္မာကျမ်းစာသည် ကနဦးအစမှဖြစ်သည့် အရာများကို ရှင်းပြချက်ပေးထားသည်သာမက ကမ္ဘာကြီး၏ အဆုံးသတ်ကံကြမ္မာကိုလည်း ရှင်းပြထားပါသည်၊ သင်နှင့်ကျွန်ုပ်ပါဝင်သည့် လှပသော ကံကြမ္မာတစ်ခုပင်ဖြစ်ပါသည်။ ထို့ပြင်သာမက ကျွန်ုပ်တို့ချစ်သောသူ အယောက်စီတိုင်းလည်း ပါဝင်နိုင်ပါသည်။

သင့်အနေဖြင့်ရော။

ဘုရားသခင်သည် သင့်အတွက် လှပသော အနာဂတ်တစ်ခုကိုပြင်ဆင်ထားလျက်ရှိသည်ဆိုသည့် ဖြစ်နိုင်ခြေအခွင့်အလမ်းကို သင်စူးစမ်းရှာဖွေ လိုပါသလား။ သင်၏ ဒုက္ခဆင်းရဲခြင်းများကို ကုသပေးနိုင်သည်ကို သင်သိလိုပါသလား။ အကယ်၍ သင်သိလိုပါက အောက်ပါအတိုင်း ဆုတောင်းပါ

ဖန်ဆင်းရှင်ဘုရား၊ ကိုယ်တော်သည် ဤကမ္ဘာကြီးအား နဂိုမူလပုံစံအတိုင်း ပြန်လည်၍ ဖန်ဆင်းနိုင်သည်ကို ကျွန်ုပ်ယုံကြည်လိုပါသည်။ သို့သော်လည်း အထူးကောင်းလွန်းနေ၍ ယုံကြည်ရန်ခက်ခဲနေပါသည်။ ကိုယ်တော်သည် အမှန်တကယ်ရှိကြောင်းနှင့် ကျွန်ုပ်အတွက် အစီစဉ်များရှိကြောင်းကို သိနိုင်ရန် ကျွန်ုပ်အားကူညီပါ။

သင်ဆက်လက်၍ သိရှိလိုပါက၊ စာရွက်နောက်ကျောတွင်ရှိသော အချက်အလက်များအတိုင်း ကျွန်ုပ်တို့အားဆက်သွယ်နိုင်ပါသည်။

Copyright @ 2023 by Sharing Hope Publications. စီးပွါးဖြစ်မဟုတ်သောရည်ရွယ်ချက်များအတွက် ခွင့်ပြုချက်မလိုပဲ ပုံနှိပ်ခြင်း နှင့် မျှဝေခြင်းလုပ်ဆောင်နိုင်ပါသည်။

ကျမ်းများအား မြန်မာယုဒသန် ၁၈၃၅ သမ္မာကျမ်းစာမှ ကူးယူထားသည်။

ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းသွင်းပါ

ထုတ်ဝေမှုအသစ်များ ရနိုင်သည့်အခါတွင် ဦးစွာသိသူဖြစ်လိုက်ပါ

newsletter-cover
\