ဒေါသကို အောင်မြင်ခြင်း

ဒေါသကို အောင်မြင်ခြင်း

အကျဉ်းချုပ်

လူတိုင်း ဒေါသကို တွေ့ကြုံခံစားရသည်-သို့သော် ကျွန်ုပ်တို့၏ ဒေါသကို စွဲကပ်‌နေပါက ၎င်းသည်ကျွန်ုပ်တို့ကို ဖျက်ဆီးနိုင်သည်။ ဤလက်ကမ်းစာစောင်တွင် ယေရှုသည် အခြားသူများ-သခင့်ကိုသတ်ခဲ့သူများကိုပင် ခွင့်လွှတ်ပုံအကြောင်းကို လေ့လာခြင်းဖြင့် ဘဝအသက်တာပြောင်းလဲသွားသော အမျိုးသားတစ်ဦး၏ ဇာတ်လမ်းကို ပြောပြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုနောက်သို့ လိုက်ပါက၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့ကို ကိုယ်တော်နှင့် ပိုတူစေမည်ဖြစ်သည်။ သခင်သည် ကျွန်ုပ်တို့၏အသက်တာဖြင့် ဘုရားသခင်၏ ဘုန်းထင်ရှားစေရန်အတွက် ကျွန်ုပ်တို့၏ဒေါသနှင့် ခါးသီးမှုကို ဖယ်ရှားပေးလိမ့်မည်။

ဒေါင်းလုဒ်ပါ

ငါတို့အားလုံး ကလေးမျက်နှာမြင်ခဲ့ကြသလိုဘဲ ရွာမှာဘဲမီးဖွားလည်း သူမအတွက် အဆင်ပြေပါလိမ့်မယ်လို့ ဒါရာရဲ့ ယောက်က္ခမက ကလေးမွေးဖို့ ကူညီပေးပါလိမ့်မည့် အကြောင်းပြောသည်။ ‌ကုန်ကျစရိတ်ကြီးတဲ့ ဆေးရုံကြီးတွေကို ငါတို့မလိုအပ်ပါဘူး။

ဒါရာသည် စိုးရိမ်နေခဲ့ပါသည်။ သူ၏ ဇနီးသည်ခွန်အားသိပ်မရှိလှသောကြောင့် သူမကို ကောင်းမွန်သည့် ဆရာဝန်တစ်ဦး၏ အနီးတွင် ရှိနေစေချင်ပါသည်။ ယောက္ခမနဲ့ ပြိုင်ငြင်းနေလို့လည်း ဘာမှအသုံးမဝင်ပါဘူး၊ ဟူ၍ သူ မသဲမကွဲညည်းတွားနေခဲ့ပါသည်။

သူ၏ ဇနီးသည် မီးဖွားနေစဉ်တွင် သူသည် တဲအပြင်မှ စောင့်ဆိုင်းနေခဲ့ရပါသည်။ သူမ၏ အော်ဟစ်သံသည် ပို၍ပြင်းထန်လာ‌ပြီးနောက် ပြန်လည်၍ တိတ်ဆိတ်သွားခဲ့ပါသည်။ သူ၏ ယောက္ခမသည် နောက်ဆုံးတွင်ထွက်လာခဲ့ပါသည်။ သူမ၏ မျက်နှာမှအကြည့်တစ်ချက်သည် သူ၏အဖိုးတန်ဆုံးသော ဇနီးသည်နှင့် ကလေးငယ်၏ အသက်ကို နှုတ်ယူသွားခဲ့ပြီးဖြစ်ကြောင်း သူသိရှိခဲ့ပါသည်။ သူ၏ အိမ်မက်နှင့် ဝမ်းမြောက်မှု အားလုံးသည် သူတို့နှင့်အတူ သေဆုံးသွားခဲ့ပါပြီ။

သူ၏ အေးစက်ထုံကျင်မှုသည် ဖြေးညှင်းစွာပင် ‌ဒေါသကိုဆူပွတ်လာအောင် လမ်းဖွင့်ပေးလာပါသည်။ ဒါရာ၏နှလုံးသားထဲတွင် အော်ဟစ်မှု ပွင့်အံကျလာပါသည်၊ သူတို့သာ ဆေးရုံမှာ ရှိနေခဲ့မယ်ဆိုရင် အရာရာက ခြားနားနေလိမ့်မယ်။ အကယ်၍သာ သူ့ဇနီးသည်ရဲ့ မိခင်သာ ခေါင်းမာမနေခဲ့ဘူးဆိုရင်၊ ယခုလိုမဖြစ်ပါ။

ဒါရာသည် သူ့ဘဝကြီးအား ပျက်စီးစေခဲ့သည့် အမျိုးသမီးအနားမှ ထွက်လာခဲ့ရပါသည်။ သူနှင့် သက်ဆိုင်သည့် ပစ္စည်းများကိုယူဆောင်ပြီး နှုတ်မဆက်ဘဲထွက်လာခဲ့ပါသည်။

ဒေါသမှ ထွက်ပြေးခြင်း

ဒါရာသည် သူ၏ ညီမ မလီ နှင့် သူမ၏ အမျိုးသား ထရေး တို့နှင့် အတူနေထိုင်ရန် မြို့တော်ကြီး ဆီသို့ ခရီးဆက်ခဲ့ပါသည်။ ထိုညတွင် သူတစ်ယောက်တည်း လှဲလျောင်းနေသော်လည်း၊ အိပ်မပျော်နိုင်ခဲ့ပါ။ ဒေါသသည် သူ့နောက်မှ တိမ်မည်းကြီးကဲ့သို့ လိုက်နေခဲ့ပါသည်။ သူမည်သည့်အရာကိုမျှ စဉ်းစား၍ မရတော့ပေ။

ကံကောင်းထောက်မစွာပင်၊ ညနေပိုင်းတို့တွင် သူ၏ညီမတို့နှင့်အတူနေထိုင်စဉ် တဒင်္ဂငြိမ်ချမ်းမှုကို ဒါရာ ခံစားခဲ့ရပါသည်။ အတူတကွစားသောက်ပြီးနောက်တွင်၊ သူတို့သီချင်းများကို အတူတကွဆိုပြီး၊ ထရေး သည် ပုံပြင်များကို ပြောပြပါသည်။ ပုံပြင်များတို့သည် ဒါရာ ငယ်ငယ်က ကြားခဲ့ရသည့် ဒဏ္ဍာရီနှင့် ရိုးရာပုံပြင် များတို့နှင့် ကွဲပြားနေပါသည်၊ ထိုပုံပြင်များသည် သမ္မာကျမ်းစာဟုခေါ်သည့် ခရစ်ယာန်တို့၏သန့်ရှင်းသော စာအုပ်ထဲမှ ဖြစ်ပါသည်။ ဒါရာသည် ကမ္ဘာကြီးအား ပြီးပြည့်စုံ၍ ငြိမ်းဧသော နိဗ္ဗာန်ဘုံအလား ဖန်ဆင်းခဲ့သည့် ချစ်ခြင်းအရှင်ဘုရားသခင်၏အကြောင်းနှင့် ပတ်သက်သည့်ပုံပြင်မျိုးကို သူဘယ်တုန်းကမျှ နားမထောင် ခဲ့ဘူးပေ။ သူ့အနေအနေဖြင့် ကိုယ့်အလိုသို့လိုက်လျှင် ပို၍ပျော်ရွှင်ရမည်ဟု ယုံကြည်၍ သူတို့အားဖန်ဆင်း တော်မူခဲ့သည့် ဘုရားကို ဆန့်ကျင်ပုန်ကန်သည့် ပထမဦးဆုံးသောလူသားအကြောင်းကို သူသိခဲ့ရပါသည်။ သူတို့၏ ကြောက်မက်ဖွယ် ရွေးချယ်မှုသည် မကောင်းမှု၊ ဒုက္ခဆင်းရဲနှင့် သေခြင်းတရားတို့ကို ကမ္ဘာကြီးနှင့် မိတ်ဆက်စေခဲ့ပါသည်။

တစ်နေ့တွင် ဒါရာသည် ထရေးအား သူ၏ ယောက္ခမကို ဒေါသဖြစ်ရသည့် အကြောင်းကို ပြောပြနေခဲ့ပါသည်။ သူသည် စိတ်ဓာတ်ကျခြင်းနှင့် ခါးသီးခြင်းတို့ကြောင့် အလွန်အမင်း စိတ်ဆင်းရဲနေကြောင်းရှင်းပြနေခဲ့ပါသည်။ ထရေးသည် ငြိမ်သက်စွာ နားထောင်နေခဲ့ပါသည်။ နောက်ဆုံးတွင်၊ ဒါရာ၊ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်အ‌နေနဲ့ စစ်ကြီးအတွင်းမှာ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ငြိမ်သက်ခြင်းကို တွေ့ခဲ့တယ်။ အခုခင်ဗျားမှာရှိနေတဲ့ ‌ဒေါသတွေဟာ ခင်ဗျားရဲ့မိသားစုတွေကို ပြန်ခေါ်လာပေးမှာမဟုတ်ဘူး။ ဒါကြီးက လက်ပစ်ဗုံးတစ်လုံးကို ရင်ဘတ်ပေါ်မှာ ကိုင်ထားသလိုဘဲ။ ထိုအရာက ခင်ဗျားကိုပျက်စီးစေလိမ့်မယ်။

ဒါရာသည် သူ၏မျက်နှာကို အုပ်လိုက်ပြီး။ ကျွန်တော်ဘယ်လိုမှ မတတ်နိုင်ဘူး ဟု သူသည် ငိုကြွေးမြည်တမ်းနေခဲ့ပါသည်။ ကျွန်တော်အရင်က ကျွန်တော့်အမျိုးသမီးရဲ့ မိဘတွေကိုချစ်ခဲ့တယ်၊ ဒါပေမယ့် အခုတော့ သူတို့ကို မုန်းနေပြီ။ ကျွန်တော်သူတို့ကို ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

မြေမြုပ်မှိုင်းကဲ့သို့သော မုန်းတီးမှု

ထရေး ခေါင်းညိတ်နေခဲ့ပါသည်။ လူသားအနေနဲ့၊ အဲဒီအရာက မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်က ခင်ဗျားကို ကူညီနိုင်တယ်။

ဘုရားလား ဟု ဒါရာ မေးခဲ့ပါသည်။ ကျွန်တော် ခင်ဗျားရဲ့ ပုံပြင်တွေကို နားထောင်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒါတွေက အမှန်တကယ်ဖြစ်တယ်ဆိုတာ ကျွန်တော်ဘယ်လို သိနိုင်မှာလဲ။ ဒါထက်၊ အကူအညီဖြစ်အောင် ကျွန်တော် ဘာလုပ်လို့ရမလဲ။

ထရေး ပြုံးလိုက်ပါသည်။ ပုံပြင်ထဲမှာ လူသားတွေအနေနဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးကို ဘယ်လိုဖျက်ဆီးလိုက် သလဲဆိုတာ ခင်ဗျားသိခဲ့ပြီးပြီဘဲ။ ဘုရားက သူတို့ကို စိတ်ဆိုးဒေါသဖြစ်နိုင်တယ်လေ။ ဒါပေမယ့် သူက အဲဒီလိုမလုပ်ခဲ့ဘူး။ အဲဒီအစား၊ ဘုရားက သူတို့ကိုချစ်ပြီး သူတို့နဲ့ ကမ္ဘာကြီးကို ပြန်ပြီးကယ်တင်ဖို့ သူအစီအစဉ် ချပေးခဲ့တယ်။ ဒါထက်မက၊ အခုကျွန်တော်တို့ဆုတောင်းရင် ကျွန်တော်တို့ကို သူကူညီနိုင်တယ်။ ကျွန်တော်ဘယ်လို သိနိုင်မလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်တွက်သူလုပ်ခဲ့လို့ဘဲ။ ကျွန်တော်အခု ဒေါသကြောင့် အရမ်းစိတ်ဆင်းရဲနေတာမျိုး မရှိတော့ဘူး။

ထရေး ဆက်ပြောနေခဲ့ပါသည်။ ဘုရားရဲ့သားတော်၊ ယေရှုရှင်ဟာကျွန်ုပ်တို့ရဲ့ နှလုံးသားကို ဖန်ဆင်းရှင်ဘုရားထံပြန်လည်ဆွဲယူဖို့အတွက် ဒီကမ္ဘာကြီးပေါ်မှာ ‌မွေးဖွားလာခဲ့ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေက ယေရှုရဲ့ အနာငြိမ်းစေခြင်းနဲ့ သွန်သင်ခြင်းတွေ ကြောင့် ကျော်ကြားလာတဲ့အပေါ်မှာ လွန်စွာဘဲမနာလိုဖြစ်ခဲ့တယ်။ သူ့ကို သတ်ဖို့နည်းလမ်းကို စီမံခဲ့ကြတယ်။ သူကိုမှားယွင်းစွာ စွပ်စွဲခဲ့ကြတယ်၊ ပြီးတော့ သူ့ကိုရိုက်နက်ပြီး သစ်သားလက်ဝါးကပ်တိုင်ပေါ်မှာ အသေရိုက်ထားခဲ့ကြတယ်။

ဒါက တော်တော် ကြောက်စရာကောင်းတာဘဲလို့ ဒါရာ ကြားဖြတ်ပြောလိုက်သည်။

ဟုတ်တယ်၊ ဒါပေမယ့် ယေရှုက သူတို့ကို ပြန်ပြီး ရန်မူတာ၊ ကျိန်ဆဲတာတွေကို လုံးဝမလုပ်ခဲ့ဘူး။ အဲဒီအစား၊ သူဟာ ကောင်းကင်ကို မျှော်ကြည့်ပြီးတော့၊ အိုအဖ သူတို့ကို ခွင့်လွှတ်ပါ၊ သူတို့လုပ်နေတဲ့အရာကို သူတို့မသိကြဘူး လို့အော်ဟစ်ခဲ့တယ်။

ဝါး ဟု ဒါရာ အံ့ဩစွာ ပြောခဲ့ပါသည်။ ကျွန်တော် ဒီလိုမျိုး လုပ်လို့ဘယ်တော့မှရမှာ မဟုတ်ဘူးထင်တယ်။ ကျွန်တော် လက်ခံပါတယ် ဟု ထရေးပြန်ပြောခဲ့ပါသည်၊ ကျွန်တော်လည်း အဲဒီလိုမျိုး တွေးခဲ့ဖူးတယ်။ ကျွန်တော်က ဒေါသထွက်လွယ်တဲ့သူဘဲ။ ဒါပေမယ့် ဒါရာ ခင်ဗျားသိလား၊ ယေရှုပြောခဲ့တာက သင်တို့၏ ရန်သူတို့ကို ချစ်လော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြ‌လော့။ ယေရှုက ဒီအရာတွေကို သွန်သင်ခဲ့တာမကဘူး၊ သူကိုယ်တိုင် လုပ်ဆောင်ခဲ့တယ်ဆိုတာဖြစ်တယ်။ ဒီအကြောင်းတွေကို ကျွန်တော် စဉ်းစားလိုက်ပြီးတော့ ဘုရားသခင်ဆီကနေ ကုသမှုကို တောင်းခံပြီးတဲ့အခါမှာ၊ ကျွန်တော် ပြောင်းလဲလာခဲ့တယ်။

ခွင့်လွှတ်ခြင်း၏ ကုသခြင်းတန်ခိုး

ရက်သတ္တပတ်အနည်းငယ် ကြာပြီးနောက်တွင်၊ ဒါရာသည် ယေရှု၏ ‌အသေခံခြင်းအကြောင်းနှင့် ရန်သူကို ချစ်ရန် သွန်သင်ခဲ့သည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ပါသည်။ သူသည် သူ၏ညီမမိသားစု လုပ်ဆောင်သကဲ့သို့ပင် သူ့နှလုံးသားကို ဘုရားထံသို့ ဆုတောင်းခြင်းအားဖြင့် ဖွင့်လိုက်ပါသည်။ ဘုရားအား သူ၏ဒေါသနှင့် နှလုံးသားနာကျင်မှုအကြောင်းကို ပြောပြခဲ့ပါသည်။ ဘုရားအား သူ၏နှလုံးသားကို ကုသပေးရန် တောင်းရှောက်ခဲ့ပါသည်။ မှောင်မည်းနေသော မိုးတိမ်သည် ညင်သာစွာ သူ့ထံမှ လွင့်စင်သွားခဲ့ပါတော့သည်။

ထရေးသည် ပြောင်းလဲမှုကို သတိထားမိလာသည်။ ဘုရားက ခင်ဗျားကို ပြောင်းလဲပေးနေတာကို ကျွန်တော်မြင်နေရတယ်၊ လို့ ဒါရာကို သူပြောခဲ့ပါသည်။ ယေရှုရဲ့ နောက်ကိုလိုက်လျှောက်တဲ့သူ တစ်ယောက် မဖြစ်လာချင်ဘူးလား။

ဒါရာသည် ပြုံး၍၊ ဟုတ်ကဲ့ ဟုပြောလိုက်ပါသည်။ ဘုရားက ကျွန်တော့်ကို ကုသဖို့အတွက် လုပ်ဆောင်နေတယ်။ သူ့ရဲ့နောက်ကိုလိုက်လျှောက်တဲ့သူတစ်ယောက်အဖြစ် ကျွန်တော်ဘယ်လိုဖြစ်လာနိုင်မလဲ။

ထရေးသည် သူ့အား ယေရှုနောက်ကိုလိုက်လျှောက်ခြင်းဆိုသည်မှာ အခြားသောယေရှုနောက်ကို လိုက်လျှောက်တဲ့သူများနှင့်ပူးပေါင်းပြီး၊ ဆုတောင်းခြင်းနှင့် ဘုရားအကြောင်းကို ပိုမိုလေ့လာခြင်းနှင့်အတူ ကျမ်းစာမှ ဖော်ပြထားသည့် ဘုရား၏ သွန်သင်ချက်များကို လိုက်လျှောက်ခြင်းဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်။ ဘုရား၏ လူများတို့သည် အခြားသောသူများအား ဘုရားသည် သူတို့အား မည်ကဲ့သို့ ပြောင်းလဲစေခဲ့ကြောင်းကိုပြောပြပြီး ဘုရား၏တန်ခိုးတော်ကိုခံစားရနိုင်ရန် ဖိတ်ခေါ်ခြင်းများ ကိုလုပ်ဆောင်ကြသည်။ ယေရှု၏ နောက်တော်သို့လိုက်လျှောက်သောသူများအတွက် တစ်နေ့တွင် သူသည် ဤကမ္ဘာကြီးအား အသစ်တဖန် ပြန်လည်၍ ဖန်ဆင်းပေးမည်ဖြစ်ကြောင်း ကတိတော်ပေးခဲ့ပါသည်။

ဒါရာအနေဖြင့် ဘုရား၏နောက်တော်သို့လိုက်လျှောက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ တစ်ရက်တွင်၊ ဒါရာတစ်ယောက် သူ၏ပစ္စည်းများကို ထုတ်ပိုးနေကြောင်းကို သတိထားမိခဲ့သည်။ ခင်ဗျားဘယ်ကိုသွားမလို့လဲ။ ဟု သူသည်သိလိုစိတ်နှင့် မေးခဲ့ပါသည်။

ကျွန်တော့ ဇနီးသည်ရဲ့ ရွာကိုပြန်သွားဖို့ သူပြန်ဖြေခဲ့ပါသည်။ သူတို့ကို ကျွန်တော်ခွင့်လွှတ်တယ်ဆိုတဲ့အကြောင်းကို သူတို့ကို ပြောပြဖို့လိုတယ်။ နောက်ပြီး ကျွန်တော်ရရှိခဲ့တဲ့ ‌မျှော်လင့်ခြင်း အသစ်ကိုလည်း သူတို့ကိုဝေငှရမယ်။

သင်၏ ‌‌ဒေါသ၊ ခါးသီးမှု သို့မဟုတ် စိတ်ဓာတ်ကျဆင်းမှုများတွင် ယေရှုသင့်အား မည်ကဲ့သို့ ကူညီနိုင်ကြောင်းကို သိလိုပြီး ယေရှုအကြောင်းကို ပိုမို၍ သိရှိလိုပါက စာရွက်၏ နောက်ကျောတွင်ရှိသော အချက်အလက်အများအတိုင်း ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။

Copyright @ 2023 by Sharing Hope Publications. စီးပွါးဖြစ်မဟုတ်သောရည်ရွယ်ချက်များအတွက် ခွင့်ပြုချက်မလိုပဲ ပုံနှိပ်ခြင်း နှင့် မျှဝေခြင်းလုပ်ဆောင်နိုင်ပါသည်။

ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းသွင်းပါ

ထုတ်ဝေမှုအသစ်များ ရနိုင်သည့်အခါတွင် ဦးစွာသိသူဖြစ်လိုက်ပါ

newsletter-cover
\