ထာဝရအိမ်တော်ကို ရှာဖွေခြင်း

ထာဝရအိမ်တော်ကို ရှာဖွေခြင်း

အကျဉ်းချုပ်

ဖန်ဆင်းရှင်ဘုရားသခင်သည် ပြီးပြည့်စုံသော၊ လက်မထပ်ရသေးသောကမ္ဘာကို ဖန်ဆင်းခဲ့သည်။ သို့သော် ပထမလူသားများသည် ဝမ်းနည်းဖွယ်ရာရွေးချယ်မှုများ ပြုလုပ်ခဲ့ကြပြီး ကမ္ဘာမြေသည် မလုံခြုံသောနေရာဖြစ်လာခဲ့ပါတော့သည်။ ခရစ်ယာန်တို့၏ သန့်ရှင်းသောစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာက ဘုရားသခင်သည် အရာအားလုံးကို ယခင်ကကဲ့သို့ ပြန်လည်ကောင်းမွန်စေမည်ဟု ကတိပြုထားရာ ကိုယ်တော်၏ကတိတော်သည် မှန်ကန်ကြောင်း ကျွန်ုပ်တို့ မည်သို့သိနိုင်မည်နည်း။ ဤလက်ကမ်းစာစောင်သည် ဒံယေလ ၉ ပါ စိတ်ဝင်စားဖွယ်ပရောဖက်ပြုချက်ကို ရှင်းပြထားပြီး၊ သမ္မာကျမ်းစာပါ အခြားသတင်းစကားများသည် ဘုရားသခင်မိန့်ဆိုထားသည့်အတိုင်း ဖြစ်မည်ကို ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။

ဒေါင်းလုဒ်ပါ

အိမ်—ထိုအရာကိုကျွန်ုပ်တို့သည် ချစ်ခင်မှု၊ ယုံကြည်မှု နှင့် ကုသမှု ရှိရာနေရာအဖြစ် ကျွန်ုပ်တို့စဉ်းစားမိပါသည်။ ခုက္ခဆင်းရဲနှင့် မတည်မြဲသည့် ဤကမ္ဘာကြီးထဲတွင်၊ ကျွန်ုပ်တို့၏ နှလုံးသားသည် စစ်မှန်သည့် လုံခြုံရာနေရာတစ်ခုကို တောင့်တကြပါသည်။

ကျွန်ုပ်တို့၏ အဆုံးမရှိသော ငြိမ်သက်ခြင်းကိုတောင့်တခြင်းသည် ဘုရား၏မူလ ရည်ရွယ်ချက် ပါဝင်နေပါသည်။ သမ္မာကျမ်းစာ၊ ခရစ်ယာန်တို့၏ သန့်ရှင်းသောစာအုပ်တွင်၊ ငြိမ်သက်အေးချမ်းစွာနှင့် ထာဝရအသက်ရှင်နိုင်ရန်ဟူသောရည်ရွယ်ချက်ဖြင့် လူသားတို့ကို ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်ဘုရား အကြောင်းကိုပြောထားပါသည် (ဒေသနာကျမ်း ၃း၁၁)။

သို့သော်လည်း ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ယုံကြည်စိတ်ချ၍ ရနိုင်ပါသလား။ သမိုင်းတစ်လျှောက် လူသန်းပေါင်းများစွာတို့သည် ဤစာအုပ်အတွင်း သူတို့ရှာဖွေတွေ့ရှိခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းအကြောင်းကို ပြောဆိုကြပါသည်။ သို့သော်လည်း ဤသွန်သင်မှုများတို့သည် မှန်ကန်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရှိနိုင်မည်နည်း။

သက်သေ ၁။ ပို၍ယုတ္တိတန်သည့် ရှင်းပြချက်တစ်ခု

သိပ္ပံပညာရှင်များတို့သည် မဟာပေါက်ကွဲမှုကြောင့် စကြာဝဠာ ကြီးဖြစ်ပေါ်လာသည် ဆိုသည့် (big bang theory) သီအိုရီသည် စကြာဝဠာကြီး ဖြစ်ပေါ်လာသည့် မူလအစအတွက်အကောင်းဆုံးပုံစံဖြစ်ကြောင်း တင်ပြကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ အချို့သော သိပ္ပံပညာရှင်များအနေဖြင့် ပေါက်ကွဲရန် မည်သည့်အရာမှ ကြိုတင်၍ မရှိထားလျှင် ပေါက်ကွဲရန်လည်း မဖြစ်နိုင် ဆိုသည့် ကြီးမားသည့် ချွတ်ယွင်းချက်ကြီးတစ်ခုကို လက်ခံကြပါသည်။ ထိုချွတ်ယွင်းချက်သည်ပင် ဖန်ဆင်းရှင် တစ်ဦးရှိကြောင်းကို ဖော်ပြနေပါသည်။

သမ္မာကျမ်းစာတွင် ဘုရားသခင်သည် ပြီးပြည့်စုံသော ကမ္ဘာတစ်ခုနှင့်အတူ လူယောကျ်ားနှင့် လူမိန်းမကို ၎င်းကမ္ဘာအား အုပ်ချုပ်ရန် ဖန်ဆင်းခဲ့ကြောင်းကို သွန်သင်ထားပါသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားများအနေဖြင့် သူ့အားနာခံ၍ ရိုသေနေသမျှ ကာလပတ်လုံး လုံခြုံပျော်ရွှင်စွာဖြင့် ထာဝရနေထိုင် အသက်ရှင်ရန် ဖြစ်ပါသည်။ သို့သော်လည်း ၊ လူယောကျ်ားနှင့် လူမိန်းမသည် နားမထောင်ခြင်းအားဖြင့် ဘုရားသခင်ထံမှ အဝေးသို့ထွက်သွားခဲ့ပါသည်။ သူတို့၏ လုပ်ရပ်သည် ဤကမ္ဘာကြီးဆီသို့ မတည်မြဲခြင်းနှင့် သေခြင်းတရားကို ယူဆောင်ပေးခဲ့ပါသည် (ရောမဩဝါဒစာ ၅း၁၂)။ ထိုအချိန်မှစ၍၊ လူသားမျိုးနွယ်တို့သည် ထာဝရလုံခြုံ၍ နားနေနိုင်သည့် နေရာတစ်ခုကို ရှာဖွေရန် မျှော်လင့်တောင့်တနေခဲ့ကြပါသည်။

သို့သော်လည်း ဘုရားသည် လူသားတို့၏ မိသားစုကို စွန့်ပစ်မထားပေ။ ထိုလူသားမိသားစုကို စွန့်ပစ်မည့်အစား ဘုရားသခင်သည် မကောင်းမှု၏ တန်ခိုးတို့ကိုချိုးဖျက်၍ ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ကိုယ်ကျင့်တရားနှင့် ကောင်းမွန်သောအရာများ အလိုအလျောက်ပေါက်ဖွားလာနိုင်ရန်အတွက် ကယ်တင်ရှင်တပါးကို စေလွှတ်မည်ဟု ကတိပေးခဲ့ပါသည်။ ထိုသူသည် ကျွန်ုပ်တို့၏ မူလအိမ်တော်သို့ ပြန်သွားနိုင်ရန် လမ်းခရီးကို ဖွင့်ပေးပါလိမ့်မည်။ (ရှင်ယောဟန်ခရစ်ဝင် ၁၄း၁-၃)။

သက်သေ ၂။ ဘာသာရေးအများအပြားတွင် လွှတ်မြောက်ခွင့်ပေးသူ တစ်ယောက်ရှိသည်ဆိုသည့် အာဘော်

သမိုင်းတစ်လျှောက်တွင်၊ နိုင်ငံများစွာနှင့် ကိုးကွယ်မှုဘာသာများစွာတို့တွင် ကမ္ဘာကြီးကို မူလအတိုင်းပြန်လည်ဖြစ်စေပြီး ထာဝရအသက်ကို ပေးနိုင်သည့် ကယ်တင်သူ တစ်ဦးအကြောင်း ကြိုတင်ဟောကိန်းထုတ်ထားသည်နှင့် ပတ်သက်၍ မရေရာ မှေးမှိန်သည့် အဖြစ်သာရှိခဲ့ပါသည်။ သို့သော်လည်း သမ္မာကျမ်းစာတစ်ခုတည်းကသာလျှင် သူကြွလာမည့် အချိန်အတိအကျကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါသည်။ အချိန်ဇယားသည် သမိုင်းအားဖြင့် ခိုင်လုံကြောင်းသက်သေပြနိုင်ခဲ့သည်ဆိုလျှင်၊ ကျမ်းစာနှင့် သူ၏ကတိတော် ဖြစ်သည့် ထာဝရနားနေရာ အိမ်တော်သည် အမှန်ဖြစ်ကြောင်းကို ကျွန်ုပ်တို့သိနိုင်ပါသည်။

သက်သေ ၃။ သမိုင်းကြောင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း

၆၀၅ BC တွင် ဗာဗုလုန်လူမျိုးများတို့၏ ကျူး‌ကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းကြောင့် ဣသရေလအနွှယ်ဝင် ဂျူးလူမျိုးများတို့သည် ကျွန်၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ဤအချိန်တွင်၊ ဘုရားသခင်သည် ထိုသူများအား သူ့ထံသို့ပြန်လည် ခေါ်ဆောင်ရန် ပရောဖက်များကို စေလွှတ်ခဲ့ပါသည်။ ပရောက်ဖက်များတို့သည် ထိုလူများအား ကယ်တင်သောသူတစ်ဦး ကြွလာမည်ဆိုသည့် ကတိတော်ကို ပြန်လည်အမှတ်ရစေသည်သာမက သူပြန်လည် ကြွလာမည့်အချိန်ကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ကြပါသည်။

ပရောဖက်များစွာထဲမှ ပရောဖက်တစ်ပါးဖြစ်သည့် ဒံယေလနေဖြင့် ကယ်တင်ရှင်သည် နှစ်ပေါင်း ၄၉၀ အကြာတွင် ကြွလာမည်ဆိုသည့် အချိန်ဇယားတစ်ခုကို ရူပါရုံကို ရခဲ့ပါသည်။ ထိုချိန်ဇယားသည် ရှင်ဘုရင်တပါးမှ ဂျူးလူမျိုးများအား ယေရုရှလင်မြို့တော်ကြီးကို ပြန်လည်မွန်းမံဆောက်လုပ်နိုင်ပြီ ဆိုသည့်အမိန့်ကို ပေးသောအချိန်တွင် အစပြုလိမ့်မည်။ ထို့နောက် ၄၈၃ နှစ်အကြာတွင်၊ ကယ်တင်ရှင်သည် ပေါ်ထွန်းလာလိမ့်မည်၊ ထို့နောက် သုံးနှစ်ခွဲ အကြာ သူ၏အစေခံအမှုဆောင်ခြင်းနှင့် သွန်သင်ခြင်းများ ပြီးဆုံးသောအချိန်တွင် မိစ္ဆာရန်သူတို့၏ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှ သုံးနှစ်ခွဲ အကြာတွင် ဘုရားကတိတော်ဖြစ်သည့် ဘုရား၏ ဝမ်းမြောက်ဖွယ်သတင်းကောင်းသည် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားလိမ့်မည်။

ဤအရာသည် ပရောဖက်ပြုချက် သာလျှင်ဖြစ်ပါသည်။ သို့သော်လည်း သမိုင်းကြောင်းအားဖြင့် သက်သေပြနိုင်ပါသလား။ BC ၄၅၇ တွင် ယေရုရှလင်မြို့သို့ပြန်သွားပြီး မြို့တော်ကြီးကို ပြန်လည်တည်ဆောက်ရန် ရှင်ဘုရင်မှအမိန့်ပေးခဲ့ပါသည်။ ထို့နောက်မှ၊ နှစ်ပေါင်း ၄၈၃ ပြီးနောက်တွင်၊ အထင်ကရဆရာတပါးဖြစ်သည့် သခင်ခရစ်တော်သည် သူ၏ လူထုကြား အမှုတော်ဆောင်ခြင်းကို အစပြုခဲ့သည် (27 AD)။ အချိန်အတိအကျကို သိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းတွင် လူသိများသည့် ရောမဘုရင် Tiberius Caesar နန်းစံ ၁၅နှစ် အချိန်တွင် ခရစ်တော်သည် လွှတ်မြောက်စေသောသူအဖြစ် ကျမ်းစာက ဖော်ပြပေးထားသောကြောင့်ဖြစ်ပါသည် (ရှင်လုကာခရစ်ဝင် ၃း၁–၂)။ အခြားသောမျက်မြင်သက်သေများစွာတို့၏ သက်သေခံချက်တို့သည် နိုင်ငံရေးအရသော်၎င်း ပထဝီအရသော် ၎င်း သမိုင်းတွင်မှတ်တမ်းတင်ထားသည့် ကိုးကားချက်များပါဝင်သည့် အရာများစွာရှိပါသည်။ ယေရှုရှင်သည် ပ‌ရောဖက်ပြုထားသည့် ကယ်တင်သောသူ၏အချက်များနှင့် လုံးဝစုံလင်စွာ ပြည့်စုံစေသောသူဖြစ်ပါသည်။ သို့သော်လည်း ထိုထက်မက များသောအရာ ရှိပါသေးသည်။

ပရောဖက်ပြုချက်တွင်သုံးနှစ်ခွဲကြာပြီးနောက် ထိုကယ်တင်သောသူသည် အခွင့်မရဘဲ အသေသတ်ခြင်း ကို ခံရလိမ့်မည်။ (ဒံယေလအနာဂတ်တိကျမ်း ၉း၂၆) ဟု ဖော်ပြထားပါသည်။ အမှန်ပင်၊ AD ၃၁ တွင်၊ ခရစ်တော်သည် ရောမလူတို့၏ အသေသတ်ခြင်းကို ခံခဲ့ရပါသည်။ ထို့နောက်မှ သူသည်သေခြင်းကို အောင်နိုင် သည်ကို သက်သေပြရန်အတွက် သင်္ချိုင်းမှပြန်လည်ထမြောက်လာခဲ့သည်။ သခင်ခရစ်တော်၏နောက်လိုက်များ တို့သည် ထိုကယ်တင်သောသူ၏ သတင်းကောင်းကို ဣသရေလလူမျိုးများအကြားတွင် ဟောကြားခဲ့ကြသည်၊ သို့သော် ထိုအရာပြီးနောက် သုံးနှစ်ခွဲအကြာတွင် ထိုသတင်းကောင်းကို ကမ္ဘာအရပ်ရပ်သို့ သယ်ဆောင်သွားခဲ့ ပါသည်။ ဤပရောဖက်ပြုချက်အပိုင်းသည် ယခုအချိန်တွင် ယေရှု၏ သွန်သင်ချက်များကို ပျံ့နှံ့အောင် ကိုးကားရေးသားနေကြသည့် ဂျူးလူမျိုးနှင့် ရောမလူမျိုး အများစုမှတဆင့် အတည်ပြုနိုင်ပါသည်။

အောက်တွင်ဖော်ပြထားသည့် ကားချပ်တွင် အရေးပါသည့် နေ့စွဲနှင့် အဖြစ်အပျက်များကို ဖော်ပြထားသည့် ဒံယေလ၏ အနာဂတ္တိကျမ်းရှိ နှစ်ပေါင်း ၄၉၀ အကြောင်းကို ဖော်ပြထားပါသည်။

သက်သေ ၄။ အသက်တာများ ပြောင်းလဲခြင်း

သမိုင်းတွင် ဤပရောဖက်ပြုချက်များ ပြည့်စုံလာခဲ့သည်မှာ အံ့ဩစရာ‌နှင့် ပြည့်နေပါသည်။ သို့သော်လည်း သမ္မာကျမ်းစာ၏ အကြီးမားဆုံးသော အမှန်တရားတစ်ခုမှာ ဘုရား၏နှုတ်ကပတ်တော် သွန်သင်ချက်များကို ဖတ်ရှုလက်ခံသော သူတို့၏ အသက်တာကို ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူများတို့သည် သူတို့၏အပြစ်များကို ဝန်ခံကြသည်။ ယခင်အချိန်တွင် ဒေါသ၊ မုန်းတီးမှု၊ မနာလိုမှုနှင့် ခါးသီးမှုများတို့၏ လွှမ်းမိုးချုပ်နှောင်ခြင်းကို ခံခဲ့ရသူများသည် ယခုတွင်ကြင်နာ၍ ချစ်တတ်ကြသည်။

ဖိတ်ခေါ်ခြင်း

သင့်အနေဖြင့်ရော။ သင်သည် ထာဝရတည်မြဲမှုနှင့် ပျော်ရွှင်စရာ အိမ်ကိုရှာဖွေနေပါသလား။ ကျမ်းစာတွင် ထိုအိမ်တစ်လုံးကို ကတိပေးထားပါသည်။ အသစ်တဖန်ပြန်လည်၍ ပြုပြင်မည့် ကမ္ဘာကြီးတွင် သင့်အားထာဝရအသက် ရရှိရန် အလို့ငှါ ယေရှုအားသင်တောင်းလျှောက်မည်လား။ ပိုမို၍ သိရှိလိုပါ စာရွက်နောက်ကျောတွင် ဖော်ပြထားသည့် အချက်အလက်များအတိုင်း ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။

Copyright @ 2023 by Sharing Hope Publications. စီးပွါးဖြစ်မဟုတ်သောရည်ရွယ်ချက်များအတွက် ခွင့်ပြုချက်မလိုပဲ ပုံနှိပ်ခြင်း နှင့် မျှဝေခြင်းလုပ်ဆောင်နိုင်ပါသည်။

ကျမ်းများအား မြန်မာယုဒသန် ၁၈၃၅ သမ္မာကျမ်းစာမှ ကူးယူထားသည်။

ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းသွင်းပါ

ထုတ်ဝေမှုအသစ်များ ရနိုင်သည့်အခါတွင် ဦးစွာသိသူဖြစ်လိုက်ပါ

newsletter-cover
\